Tuesday, December 29, 2009

စိတ်တွေကျပျောက်ခြင်း

အဲဒီတိမ်တွေ လာကြပြန်ပေါ့
ငါလွမ်းတဲ့အကြောင်းမှာ
အပ်ကြောင်းတွေထပ်ခဲ့ပါတယ် ချစ်သူ
ငါရဲ့နေ.တွေဆိုတာ
မြို.ပြဆန်ဆန် အထီးကျန်
ဘာတစ်ခုဖြစ်မလာတော့ဘူးဆိုတာ
သံချေခြင်းလိုဝတ်ဆင်ခဲ့ရ
နေ.တွေကို စိတ်ကပြန်သိမ်းသွားခဲ့တယ်
ငြိမ်းအေးရာနေရာဟာ
ထာဝရနဲ.လက်တစ်ကမ်းမှာ
နမိတ်ပုံတွေဟာ တကယ်ဆို
ဘ၀ ကို ရေလောင်းပေါင်းသင်ဖို. အင်အားတွေတဲ့လား
ငါဘာမှမသိချင်တော့ဘူး
ညတွေကို စိတ်ကပြန်သိမ်းသွားခဲ့တယ်
သြော်
နေ.တွေ ည တွေကို စိတ်ကပြန်သိမ်းသွားခဲ့ရပေါ့ ..... ။ ။
လင်းသု

Thursday, December 3, 2009

လေညင်းတွေအေးဆက်
ညနက်နက်ထဲ
ငါ့စိတ်တွေသေခဲ့ရပေါ့
အဲဒီအမှောင်တွေ
ငါကြောက်ခဲ့ဘူးပါတယ်
ငါမရှုံးပါဘူး
ချစ်ခွင့်တော့ရှိပါသေးတယ်
ကိုယ့်ကိုယ်ကိုဖြေသိမ့်လိုက်တယ်
ငါ ....
အဲဒီအမှောင်တွေတော့ကြောက်တယ် ... ။ ။
လင်းသု

Friday, November 27, 2009

တိတ်တခိုး

ဦးဦးဖျားဖျားပွင့်ခဲ့တဲ့ မီးခိုးတွေ
ဘယ်လိုမေ့ရမှာလဲ
ဒီရင်ကိုပဲလောင်စမ်းပါစေ
သူမသိပါစေနဲ.
မပြောရက်ခဲ့ပါဘူး ........

တိတ်တခိုးပါဆိုမှ
ဘယ်သူကသိပြီး
ဘယ်သူကကယ်နိုင်မှာလဲ ........

ဘာပဲဖြစ်ဖြစ်
သတိလေးတော့ရပေးပါ ချစ်သူရယ်
ယုံပါ
မင်းပန်ဖို.
ကိုယ်တစ်ခင်းလုံးစာ
ပွင့် ခဲ့ ပြီး ပြီ .....။ ။
လင်းသု

Saturday, November 14, 2009

လွမ်းချင်း

မနက်ခင်းတွေ.. သွေးပျက်
လက်ကျန်ကော်ဖီတွေ..အေးဆက်
မနေ.ညက ငါအိပ်ပျက်တယ်
လမင်းကိုမှပန်ချင်တဲ့တေလေ
ချစ်ချင်းနဲ.မျက်နှာသစ်ခွင့်မရခဲ့ဘူး
တိတိတ်လေးဝင်လာခဲ့တယ်
ဘာတဲ့
အလွမ်းဆိုလား
ကိုယ့်ဘာသာ ကို ချောင်ပိတ်မိခဲ့ရပေါ့ ။
လင်းသု

Sunday, November 8, 2009

စိတ်

ဒီအိပ်မက်တွေခြောက်ခမ်းသွားတဲ့အခါ ၊ ငါ ဒီကမ္ဘာမှာရှိနေနိုင်ပါ့ဦးမလား
အဲဒီလိုတွေးခေါ်ခဲ့လို.များ ၊ နေ.ရက်တွေစီရင်ခံခဲ့ရတာများလား
ဖြစ်နိုင်မယ်ဆို ၊ ငါ့အတောင်ချိုးလို.ပေးလိုက်ချင်ပါရဲ့
ချစ်သူရယ် ...
ငါ့ကိုယုံပါလို.ထပ်မပြောတော့ဘူး ၊ အချိန်တွေကသက်သေပြလိမ့်မယ်
နေမ၀င်တော့တဲ့မြို.ဆိုတာ ၊ ဟောဒီရင်ဘတ်ရှိတဲ့နေရာပေါ့ ..... ။ ။
လင်းသု

Wednesday, November 4, 2009

မျှော်သူ

လရာင်ကိုမျှော်တဲ့ စိတ်နဲ. ၊ ဘ၀ကိုရေလောင်းပေါင်းသင်ခဲ့တယ်
နောက်ဆုံးအချိန်ထိ ကူးခတ်ပါရစေ ၊ ကမ်းခြေမရှိတဲ့ ငါးတွေလိုတော့ မနေချင်ပါဘူး
ချစ်သူရေ ...
စာမေးပွဲကျတဲ့ စိတ်မျိုးနဲ. လွမ်းတယ်
စိတ်တိုင်းကျရေးထားတဲ့ သီချင်းတွေ ၊ ဆိုပါရစေ
တစ်နေကုန်တာတောင်ငါးတစ်ကောင်မှမရတဲ့ တံငါ ၊ အိမ်ပြန်တော့ခက်ပါပြီ
ဘ၀ကို မိတ္တူတစ်ထပ်ဆွဲပြီး ၊ မျှဝေလိုက်ချင်ရဲ့
လေနှင်ရာသွားခဲ့လား ၊ မုန်တိုင်းနဲ.တိုးခဲ့လား
တစ်ခုမှမကြုံချင်ပါဘူး ၊ မပြောပါနဲ.
ငါကြောက်တဲ့ အမှောင်တွေ ၊ မလာပါနဲ.ဦး
ရင်နဲ.ရေးတဲ့ကဗျာမှာ ၊ မုသားမပါဘူး ချစ်သူရယ်
တားမရတဲ့စိတ်ကို ၊ လွတ်လပ်ခွင့်ပေးပါ
ဒီရင်ဘတ်လေးထဲ ၊ နောင်နှစ်များစွာတိုင် .......။ ။
ကမ်းခြေမရှိတဲ့ ငါးတွေလိုတော့ မနေချင်ပါဘူး ...
စာမေးပွဲကျတဲ့ စိတ်မျိုးနဲ. လွမ်းတယ် ...
ဘ၀က သေသေချာချာကို လတ်ဆတ်ခဲ့သကိုး ... ။    ။
လင်းသု

Tuesday, October 20, 2009

လွမ်း







မျက်ဝန်းနဲ.ပြောတဲ့စကားတွေ အပြည့်
ဘ၀ရဲ့ရှုမျှော်ခင်းတွေမှာ
ပန်းနုရောင်ဆေးတစ်စက်လောက်
တမ်းတခဲ့ပါတယ်
မျှော်လင့်ခဲ့ပါတယ်
အရူးအမူးပေါ့

ကိုယ့်ဆန္ဒကိုပြန်မျိုချခဲ့ရတဲ့နေ.တွေ
ဘာသာပြန်ဖို.ကြိုးစားခဲ့တဲ့နေ.တွေ
ဆွံ.အသွားတဲ့ ညနေခင်းတွေ
ဘယ်လောက်များ များခဲ့ပြီလဲ
တမ်းတခဲ့ပါတယ်
မျှော်လင့်ခဲ့ပါတယ်
အရူးအမူးပေါ့

မိုးတိမ်တွေလိုတော့ ထွက်မသွားလိုက်ပါနဲ.
တစ်ချိန်ချိန်မှာပေါ့
ဘ၀ရဲ့ရှုမျှော်ခင်းတွေမှာ
ပန်းနုရောင်ဆေးတစ်စက်လောက်
နမ်းရှိုက်ခွင့်ရချင်ပါသေးတယ်
ချစ်သူရယ် .............. ။ ။
လင်းသု

Friday, October 16, 2009

နှင်းဆီကြွေတဲ့အိပ်မက်



လမင်းအိမ်ပြန်နောက်ကျတဲ့နေ.
စိတ်ကူးတွေ ရေဆန်ပြန်တဲ့နေ.
ဘယ်လို သမိုင်းကမှ လိုက်မမှီတဲ့နေ.
ဒီလိုတစ်နေ.မှာ တို.တွေ ဝေး ခဲ့ကြပြီ

ရင်တစ်ချက်ခုန်လိုက်တိုင်း
နှင်းဆီတွေ အဆုပ်လိုက်ပွင့်တယ်
ငါ ဘယ်လိုများယုံကြည်ခဲ့ပါသလဲ
ချစ်သူသိစေချင်လိုက်တာ
ပြန်မလာတော့ဘူးတဲ့

ကံကြမ္မာတဲ့
တို.နှစ်ယောက်ခြား ခွဲရက်လိုက်တာ
ရနံမရှိတဲ့ ပင်လယ်တွေ ရင်မှာ အခါတစ်ရာမကစီးလို.
လွမ်းလွမ်းမောမော

ခုတော့
ချစ်သူနင်းခဲ့တဲ့လမ်း
ချစ်သူနမ်းခဲ့တဲ့ပန်း
အားလုံး အားလုံး ဟာ
သူတို.မဟုတ်ခဲ့သလို ..
ကိုယ်ပြောခဲ့သလို
တစ်နေ.နေ.မှာ
ချစ်သူရှိခဲ့ဖူးတဲ့နေရာလေး
အသေအချာ ပြန်လာခဲ့ပါတယ်

ရင်မှာ
နှင်းဆီရနံ.တွေကတော့ မွှေးမြနေဆဲပါ
တစ်ခါးပေါက်ရဲ့တစ်ဖက်မှာပေါ့
ချစ်သူ. အိပ်မက်တွေ လှပပါစေ မွှေးပါစေ ငြိမ်းချမ်းပါစေ
လမင်းအိမ်ပြန်နောက်ကျတဲ့နေ.
စိတ်ကူးတွေ ရေဆန်ပြန်တဲ့နေ.
ဘယ်လိုသမိုင်းကမှလိုက်မမှီတဲ့နေ.
အဲဒီလို တစ်နေ.မှာ
တို.တွေ တကယ် ဝေးခဲ့ကြပြီ .............. ။ ။
လင်းသု

၂၀၀၄ လောက်က ကြည့်ခဲ့ဖူးတဲ့ ကိုရီးယားဇတ်လမ်းတွဲ Summer Scent ကိုခံစားရေးဖွဲ.ပါသည် ။
Summer Scent (여름향기)
Song Seung Hun as Yoo Min Woo
Son Ye Jin as Shim Hye Won
Ryu Jin as Park Jung Jae
Han Ji Hye as Park Jung Ah
ဇတ်လမ်းရဲ့ အဖွဲ.ကိုတော့ ဘယ်လိုမှမမှီနိုင်ပါ :)))



Thursday, October 15, 2009

တွေဝေလိပ်ပြာ


ရင်ထဲဖြစ်လာ ၊ ဝေဒနာကို
မြင်တာသိနိုး ၊ မျှော်လင့်တိုးလျက်
လက်ချိုးတွက်ရေ ၊ ပင့်သက်ရှည်ချ
လွမ်း နေ. ည များ။ ။
နေနော်

ထပ်တူခံစားမိတဲ့ ကဗျာလေးပါ ၊ ဆရာ နေနော် ရဲ့ လုံးချင်းဝတ္တု တစ်ပုဒ်ထဲကပါ ၊ ၀တ္တု နာမည်က သိပ်မမှတ်မိတော့ပါ ၊ ကာရန်ပျက်ကဗျာ လို.တော့ထင်ပါတယ် :)

Tuesday, October 13, 2009

........

မျက်ဝန်းတွေ အေးဆက်ဆက်နဲ.
ပရိတ်သတ်မနှစ်သက် တဲ့ ဆက်တင်တစ်ခုလို
အသေအချာ လွဲခဲ့ပြီ
အော်သံရဲ့ အဆုံးမှာ
သေနေခဲ့ပြီလား



စေ့ထားတဲ့ တံခါးများ
အော်သံရဲ့ အဆုံးမှာ
သေနေခဲ့ပေါ့

လင်းသု

Monday, October 12, 2009

ငို


မျက်ဝန်းထဲမှာ ပုန်းခိုမနေနဲ.တော့
ရွာသွန်းလိုက်ပါကွယ် ...........
ဘယ်လောက်ပဲ ကြေကွဲနေပါစေ
ကျွန်တော့ရဲ့ကွက်လပ်တွေ
ပြည့်လာမှာ မဟုတ်တော့ဘူးလား
ရင်နဲ.ပြောတဲ့ စကားတွေဆိုတာ
နှလုံးသားက အသိခဲ့ဆုံးပေါ့
အလွမ်း .......
မဖွဲ. လိုက်ပါနဲ.ဦး
တော်ကြာ .....
ကျွန်တော့ အိပ်မက်လေးကျကွဲ သွားမှာစိုးလို.
တစ်ချိန်ချိန်မှာတော့
အလင်းနေ.ဆိုတာ ရောက်လာဦးမှာပါ
ခုလောလောဆယ်တော့
မျက်ဝန်းထဲမှာ ခိုမနေနဲ.တော့
ရွာသာရွာလိုက်ပါတော့ကွယ် ...........။ ။
လင်းသု
၁၂.၁၀.၀၉

ပြာရဲ.ကဗျာ

မျက်ရည်ဆိုတာ
စားသုံးနေကျ သစ်သီးတစ်လုံး
ဇာတ်ပေါင်းခန်းမပါ အိပ်မက်တဲ့
အမှတ်မရှိ အထပ်ထပ်မက်မိ
ဒဏ်ရာတစ်ခုရဲ.ပြယုဂ်ဟာ
နေ၀င်ချိန်တွေဖြစ်မယ်ဆို
ချစ်သူရေ
တစ်ဆိတ်လောက်နားလည်ပေးပါ
နှုတ်ခမ်းတစ်ပွင့်ရဲ.နှုတ်ဆိတ်မှုအောက်
ငိုနေတဲ့စကားလုံးများ
ရှာဖွေဆဲ
အသိတရားရှိရှိခံစားခဲ.
မျက်ရည်စိုနေ.စွဲများ
ချစ်သူရေ
လှပစွာကြွေနေဆဲ
ချစ်သူ
တောက်ပတယ်ဆိုတာ
ကိုယ်တိုင်လောင်ကျွမ်းဘူးမှ ။ ။
လင်းသု


၂၀၀၀ ခုနှစ်ဇွန်လ သရဖူ မဂ္ဂဇင်း အမှတ် ၃၂ သံယောဇဉ်ရပ်ဝန်း မှာဖော်ပြခံရတဲ့ ကျွန်တော့ရဲ. ကဗျာလေးပါ
ပြန်လည်မျှဝေလိုက်ပါတယ်

Sunday, October 11, 2009

ကျွန်တော်နှင့် ပန်းနုရောင်တိမ်စိုင်များ

ကျွန်တော်ဒီနေရာမှာရောက်နေတာ အချိန် အတော်ကြာပေါ့ ။ နေရာက ရပ်ကွက်ထိပ်က ကလေးကစားကွင်းလေးတစ်ခုပါ ၊ စိမ်းစိုတဲ့ မြက်ကွင်းပြင်ကျယ်တစ်ခုလည်းရှိတယ် ဒီလောက်ပါပဲ ။
မြက်ခင်းပေါ်မှာ ခြေပစ်လက်ပစ်ထိုင်နေမိတာပါ ၊ကောင်းကင်တစ်ခု လုံး ပန်းနုရောင်သန်းနေ၏ ။
လေပြေတစ်ချက်အဝှေ.မှာ ကလေးငယ်တွေရဲ့ အော်ဟစ်ကစားသံ သဲ့သဲ့ က ပျံ.လွင့်လာ၏ ။
သူတို.အရွယ်လေးတွေပဲကောင်း၏ ။ စိုင်းထီးဆိုင်သီချင်းက အလိုလိုခေါင်းထဲရောက်လာ၏ ။
သြော် အပူအပင်ကင်းတဲ့ ကလေးဘ၀တဲ့ ၊

လင်းသု


Saturday, October 10, 2009

အိပ်မက်

အိပ်မက်တစ်ခုလုံး
ကြည်နူးလိုက်တာ

ငါ့ကို မတားပါနဲ.
နားခိုစရာဆိုတာ မရှိလို.
ရင်နဲ.ရင်းပြီးမက်ခဲ့တာပါ ..

မသွန်းဖြိုးလိုက်ပါနဲ.ဦး
ငါ့အိပ်မက်လေး မိုး စိုမှာစိုးလို.

တစ်ခါတစ်ခါကျ
အဓိပ္ပါယ် ကို က ရည်ညွန်းစရာမရှိအောင် ပီပြင်လွန်း

တကယ်ပါ
ငါ မျက်နှာ မသစ်ချင်တဲ့ နေ.ဆိုတာ
မင်းအကြာင်းအိပ်မက်တဲ့ နေ.တွေပေါ့ ...........။ ။
လင်းသု

လမ်းတစ်လျှောက်မှာ






















လမ်းတစ်လျှောက်မှာ ပန်းတွေပွင့်ခဲ့
ရနံလေးတစ်ခုလောက်တော့ ဆာလောင်ခွင့်ပေးပါ
မျက်ဝန်းဘာသာစကားနဲ့ရင်ခုန်ချင်လို.

လမ်းတစ်လျှောက်မှာ ရေတံခွန်တွေ စီးနေခဲ့
ကျောက်စက်ရေလိုတစ်စက်ချင်းကျမဲ့မေတ္တာမျိုး
ရူးရူးမိုက်မိုက်ရင်ခုန်ခဲ့

လမ်းတစ်လျှောက်မှာ နှင်းတွေလွင့်နေခဲ့
ေ၀၀ါးပါတယ်ဆိုမှ ဘယ်မှာမြင်ရလိမ့်မလဲ
လမ်းတစ်လျှောက်မှာ အလွမ်းတွေချည်းအပြည့်

ပန်းတွေပွင်ခဲ့တယ်
ရေတံခွန်တွေ စီးခဲ့တယ်
နှင်းတွေလွင့်ခဲ့တယ်
အလွမ်းတွေလွင့်ခဲ့တယ်
လမ်း တစ်လျှောက်မှာလေ
ဒီလိုနဲ.ပဲ
စိတ်ကို ကိုယ့်အိပ်ကပ်ထဲကိုယ်ပြန်ထည့်ခဲ့ရပေါ့............။ ။
လင်းသု

Friday, October 9, 2009

ချစ်သူသိစေ


ဘယ်နှစ်ခါမေးမေး
ရင်ဘတ်က ဒီတစ်ယောက်ပဲလို.ပြန်ဖြေတယ်
နေ၀င်ချိန်တွေ စောလွန်းတယ်
အမှာင်တွေက ကျွန်တော့အတွက်တော့
အထီးကျန်ဆန်ဆန် လှခဲ့တာပေါ့
ဘ၀ဟာ ပင်လယ်လိုပါပဲတဲ့
ကမ်းခြေမရှိသူအတွက်တော့
အရာအားလုံးဟာ ပင်လယ်ချည်းပါပဲ
တကယ်ပါ ချစ်သူ
နွေးထွေးတဲ့အိမ်အပြန်
လူတိုင်းတောင့်တတာပေါ့ကွယ်
နှစ်တွေလတွေလား ကြာစမ်းပစေ
ဒီရင်ခုန်သံ ပြောင်းမသွားပါဘူး
ချစ်သူပျော်မယ်ဆို ကျေနပ်ပါတယ်
မနက်ခင်းတွေကိုအပြစ်မတင်တော့ဘူး
လိုနေတာကတစ်ခုထဲပါ
ဘယ်နေရာဘယ်ရောက်ရောက်
အနမ်းနဲ.ယက်လုပ်တဲ့နေပူစာလေး
ခိုလှုံ ချင်တယ် …………….. ။ ။
လင်းသု

Saturday, October 3, 2009

အိမ်လွမ်းချင်း

ဖေရယ်မေရယ်ညီမလေးရယ်
နေရာဒေသတွေတူညီဖို.အရေး

ခုထိ
ရင်ခုန်သံကိုချည်း
အိပ်မက်ထဲ ပြန်ပြန်ထည့်နေရတုန်း

လွမ်းတဲ့ အခါ
ထုတ်ကြည့်မိတဲ့ ဓါတ်ပုံလေး
အရင်လိုပဲ ပြန်သိမ်းလိုက်တော့တယ်

နေရာဒေသက အဓိက မကျပါဘူး မေနဲ.ဖေရယ်
ရင်ခုန်သံတွေထပ်တူကျရင်ပဲ
သား
အလွမ်းပြေပါပြီ ...... ။ ။
လင်းသု

Friday, October 2, 2009

အလွမ်း

မဆုံးတော့ဘူးလား
တစ်မျှော်တစ်ခေါ် အလွမ်းတွေ
ရေပြင်ကျယ်အိပ်မက်ပေါ် ရှပ်တိုက်သွား
ငါ့ နှလုံးသားဟာ ခြစားခဲ့ပေါ့ ....................။ ။
လင်းသု




Friday, September 25, 2009

သတိရမိတဲ့ ညနေခင်း


ဝတ်မှုံလေးပဲဖြစ်ဖြစ် ..
ဖြစ်ခွင့်ရချင်လိုက်တာ
သူ. အနားမှာ နေခွင့်ရမယ်ဆိုရင်ပေါ့

ငါပြန်မယ့်လမ်း
ပန်းချီကားတစ်ချပ်ရဲ့ ညနေလို
လင်းလင်းလက်လက်လှချင်နေခဲ့ .........

အမှောင်တွေ မုန်းတယ်
တကယ်လို.များ
မဆုံဖြစ်ကြရင်လည်း
ဝတ်မှုံလေးလို တွယ်ကပ်ပြီး
ချစ်ရသူ အိမ်အပြန်
တိတ်တိတ်လေးလိုက်ခဲ့ချင်တာ ...........။ ။
လင်းသု



Thursday, September 24, 2009

ပင်လယ်ရဲ.တေး



ရနံ.တွေတဖျပ်ဖျပ်ထနေတဲ့ပင်လယ်
ငြိမ်လှချည်လား

ဆေးမဆိုးရသေး
မျက်ကွင်းဟောက်ပက်အိပ်မက်တွေ
ဆောင်းရဲ.အပေါ်ယံကို ခုတုံးလုပ်
မွေးဖွားခြင်း၊သေဆုံးခြင်း
သူ.အလိုအတိုင်းပေါ့

သီချင်းတွေဘယ်လောက်များဆိုခဲ့ကြသလဲ
ကမ်းစပ်ရဲ. နရီထဲ
ရာသီတွေအသက်ရှူရပ်လို.
အ မေ့ တ မော ............................။ ။
လင်းသု

၁၇.၀၁.၂၀၀၉ နေ. East Coast Park အမှတ်တရ ................

လွင့်နေသောအိပ်မက်



မနေ.တစ်နေ.ကလို ရှိနေဆဲပါ
ရင်ခုန်သံလား
ဘာမှမကျန်တော့အောင် လွမ်းခဲ့ပြီးပြီ

မနေ.တစ်နေ.ကလို ရှိနေဆဲပါ
ချစ်ခဲ့ခြင်းလား
ဘာမှမသိအောင်ကို ရူးသွပ်ခဲ့မိပြီ

မနေ.တစ်နေ.ကလို ရှိနေဆဲပါ
ပေးဆပ်ခြင်းလား
ဘယ်သူမှမသိအောင် မျိုသိပ်ခဲ့မိပြီ

ဒဏ်ရာဟောင်းနဲ.
သက်ပြင်းမောချ ဗလာနတ္ထိ ငါ့ညတွေသာ
ရှည်လျားခဲ့ရပေါ့
သူမသိလဲ နေပါစေတော့ ..................။ ။

တစ်ကိုယ်ရေအလွမ်း



မြို.ပြညရဲ့ ကပိုကရိုထဲ
ဖွဲ.လို.မဆုံး ရင်ဘတ်နဲ.
ကျွန်တော်
လွမ်းချင်တိုင်းလွမ်းပစ်လိုက်တယ်

ရေသေတွေလိုတော့မနေချင်ပါဘူး
ငါ့မှာကူးခတ်ဖို.ဆန္ဒရှိနေသေးလို.ပါ
ကောင်မလေးရေ
ခွင့်ပြုပါနော်
ငါခိုးယူခဲ့ဘူးတဲ့အကြည့်လေးတစ်ချက်
ပြန်မတောင်းပါနဲ.

ရာသီတွေသေအောင်များပြုစားရော့သလားကွယ်
ကောင်မလေးရေ
မင်း မရှိတဲ့အချိန်များ
ခြောက်ကပ်ကွဲအက်
နေတစ်ရာပူပြင်း ဒီရင်တွင်း
မြင်စမ်းစေချင်

အဝေးဆုံးထိတော့ မဝေးသေးပါဘူး
တစ်နေနေ.မှာ ပြန်ဆုံဖို.
ငါဆုတောင်းပါရစေလား

မြို.ပြညရဲ့ ကပိုကရိုထဲ
ဖွဲ.လို.မဆုံး ရင်ဘတ်နဲ.
ကျွန်တော်
လွမ်းချင်တိုင်းလွမ်းပစ်လိုက်တယ် ။ ။

ချစ်သူသိစေ



ကမ္ဘာဦးကမိုးရေစက်တွေလို
တစ်ခမ်းတစ်နားနဲ.
ငါ့ဘ၀တစ်ခုလုံး ၀ရုန်းသုန်းကားထိမှန်ခဲ့
နောက်ကျခြင်းအကြည့်တွေထဲ
ဆိုင်ရာပိုင်ရာအတွေးတွေ
ခြေပစ်လက်ပစ်ပြုတ်ကျရင်း
လမ်းတွေကောက်ကောက်သွားတာကြာလှပြီ
သုညရဲ့ကမ္ဘာလေးထဲ
လက်တစ်ဖက်စာနွေးထွေးမှုနဲ.
အကြည့်ချက်ပေါင်းများစွာတွန်းလှန်ခဲ့ ရင်ဆိုင်ခဲ့
တကယ်တော့လည်း
ပြီးဆုံးသွားတာကြာလှပေါ့
အဝေးရောက်ပြီးမှအိမ်ပြန်ခက်သူတွေလေ
ရင်ထဲ သတိရဆဲပေါ့
ထွက်သွားရင်လည်းမထူးပါဘူးချစ်သူရယ်
ကြင်နာခြင်းမရှိလို.မရှင်သန်ရတာ
ဝမ်းနည်းနေလည်းဘာတတ်နိုင်မှာလဲ
ငိုကြွေးခြင်းကိုတောင်မှ အစားမထိုးနိုင်ရင်
အစားထိုးပေးဆပ်ခြင်းတွေအကြောင်းလည်းမပြာတော့ဘူးကွယ်...........။ ။

Wednesday, September 23, 2009

ချစ်သူရဲ့ည

အဲဒီညပေါ့
တိတ်တိတ်လေးရင်နဲ့ဝှက်ပြီး
မျက်တောင်လေးတစ်ခုလောက်
ခိုးယူချင်မိခဲ့

ကြယ်တွေလေ
ခုန်ပေါက်ပြီး ထွက်ပြေးသွားကြ
တိုးတိုးလေးလာပြီးပြောသွားတယ်
သူတို.ရဲ့ညဟာကုန်သွားပြီတဲ့

ပန်းပွင့်တွေက မျက်နှာရှစ်ခေါက်ချိုးနဲ့
လာပြောတယ်
ချစ်သူကို မနာလိုတဲ့အကြာင်းပေါ့

နီယွန်မီးတွေ ကတော့ တိုးတိုးလေး ဆုတောင်းနေကြရဲ့
မျက်ဝန်းချင်းဆုံရင် သူတို.အလင်းတွေ မှေးမှိန်ကုန်မှာကိုပေါ့

လေညင်းလေးကတော့ လိမ္မာတယ်
ညင်ညင်သာသာလေးပဲတိုက်ပါရစေတဲ့

အဲဒီည ပေါ့
တိတ်တိတ်လေးရင်နဲ့ဝှက်ပြီး
မျက်တောင်လေးတစ်ခုလောက်
ခိုးယူချင်ခဲ့မိတာ ................... ။ ။
လင်းသု

Tuesday, September 22, 2009

ညက ညီမလေးမက်ခဲ့တဲ့အိပ်မက်

တစ်မိုးအောက်မှာ
မေမေ့မျက်နှာက လမင်းကြီးချိတ်ဆွဲထားသလို
ကြည်လင်ဝင်းပ
သည်ထက်ပြည့်စုံတဲ့ စိတ်ကြွယ်ဝမှုမျိုး မရနိုင်တော့သလို
တခဏ လမ်းပျက်သွားတဲ့ အရသာ
ကိုယ်စီ

ဖေဖေကတော့
သူရဲ့ ကျယ်ပြန်နက်ရှိုင်းတဲ့ ရင်ခွင်ထဲ
မေမေရယ် ကိုကိုရယ် ညီမလေးရယ်
သုံးယောက်စလုံးကိုသိမ်းကျုံးထည့်
တစ်မိုးအောက်မှာ
အခါရာသီဆိုတာရှိခဲ့တဲ့ ဒီမိသားစုလေး
မိုးရွာပေမယ့် မိုးမရွာတော့ဘူး
နေပူပေမယ့်နေပူတော့ဘူး
နှစ်ပရိစ္ဆေဒတွေ
ဘယ်လောက်ကြာမြင့်ခဲ့ပြီလဲ
ကျောခိုင်းဝေးကွာခဲ့ကြတဲ့ ဖေဖေနဲ.နဲ.မေမေ
ညက ပြန်ဆုံတယ်
ဆိုးမိုက်ပေတေ အိမ်ပြန်မလာတဲ့ ကိုကို
ညက အိမ်ပြန်လာတယ်

မိုးတိမ်တွေပြိုကျမနေနဲ.တော့ ညီမလေးရယ်
အရာရာကို ကိုယ်ကပြုပြင်ခဲ့ပေမယ့်မရဘူး မဟုတ်လား
ညက ညီမလေးမက်ခဲ့တဲ့ အိပ်မက်ကို
ကိုကိုလဲ မက်ခဲ့တယ် .................. ။ ။

နေမျိုး
ဟန်သစ်မဂ္ဂဇင်း ၊ စက်တင်ဘာ ၊ ၂၀၀၁

ကြိုက်မိတဲ့ ကဗျာလေးပါ ။ ကဗျာဆရာ ကို ဒီကနေပဲ ခွင့်တောင်းပါရစေ ။

Monday, September 21, 2009

နာမည်ပြောင်းခြင်း

အပိုင်းအစများကို ကဗျာလာဖတ်တဲ့သူငယ်ချင်းတွေ အားလုံး မင်္ဂလာပါ
နာမည် မိုးဆက်အိမ်  အားယနေ.မှစ၍
လင်းသု (သို.) မီမို ပြောင်းလဲလိုက်ပါကြောင်း ................. ။ ။

Saturday, September 19, 2009

လွမ်း သင့်သူ

ရင်ဘတ်ဟောင်းလေးတစ်ခုပါ
မျက်ရည်စို.စို.နဲ.
ကျွန်တော့စိတ်ကူးလေး ကျကွဲသွားတယ်
ချစ်ရတဲ့သူရေ
မနေ.က မက်ခဲ့တဲ့အိပ်မက်
ဒီနေ.လဲမက်ပြန်တယ်
ဇာတ်ဝင်ခန်းတွေ
ဘယ်လောက်ပဲကြေကွဲနေပစေ
သူသိမှာ မဟုတ်ဘူး
နှင်းဆီတွေရဲ့ငိုချိန်
ဘယ်သူကများသတ်မှတ်ခဲ့လဲ
လှည့်မပြန်ချင်ဘူး
ချစ်ရတဲ့သူရယ်
........................................
.......................................
ကျွန်တော်မျှော်လင့်တဲ့နေ.ဆိုတာလည်း
ဒီ အိမ်ပြန်ချိန်တွေလိုပဲ
ဝတ်ရည်ဖွဲ.ရဦးမှာလား ......... ။ ။
လင်းသု


(တစ်ယောက်သောသူ အတွက်)

Thursday, September 17, 2009

တစ်ကိုယ်ရေအလွမ်း



မြို.ပြညရဲ့ ကပိုကရိုထဲ
ဖွဲ.လို.မဆုံး ရင်ဘတ်နဲ.
ကျွန်တော်
လွမ်းချင်တိုင်းလွမ်းပစ်လိုက်တယ်

ရေသေတွေလိုတော့မနေချင်ပါဘူး
ငါ့မှာကူးခတ်ဖို.ဆန္ဒရှိနေသေးလို.ပါ
ကောင်မလေးရေ
ခွင့်ပြုပါနော်
ငါခိုးယူခဲ့ဘူးတဲ့အကြည့်လေးတစ်ချက်
ပြန်မတောင်းပါနဲ.

ရာသီတွေသေအောင်များပြုစားရော့သလားကွယ်
ကောင်မလေးရေ
မင်း မရှိတဲ့အချိန်များ
ခြောက်ကပ်ကွဲအက်
နေတစ်ရာပူပြင်း ဒီရင်တွင်း
မြင်စမ်းစေချင်

အဝေးဆုံးထိတော့ မဝေးသေးပါဘူး
တစ်နေနေ.မှာ ပြန်ဆုံဖို.
ငါဆုတောင်းပါရစေလား

မြို.ပြညရဲ့ ကပိုကရိုထဲ
ဖွဲ.လို.မဆုံး ရင်ဘတ်နဲ.
ကျွန်တော်
လွမ်းချင်တိုင်းလွမ်းပစ်လိုက်တယ် ။ ။

ချစ်သူသိစေ



ကမ္ဘာဦးကမိုးရေစက်တွေလို
တစ်ခမ်းတစ်နားနဲ.
ငါ့ဘ၀တစ်ခုလုံး ၀ရုန်းသုန်းကားထိမှန်ခဲ့
နောက်ကျခြင်းအကြည့်တွေထဲ
ဆိုင်ရာပိုင်ရာအတွေးတွေ
ခြေပစ်လက်ပစ်ပြုတ်ကျရင်း
လမ်းတွေကောက်ကောက်သွားတာကြာလှပြီ
သုညရဲ့ကမ္ဘာလေးထဲ
လက်တစ်ဖက်စာနွေးထွေးမှုနဲ.
အကြည့်ချက်ပေါင်းများစွာတွန်းလှန်ခဲ့ ရင်ဆိုင်ခဲ့
တကယ်တော့လည်း
ပြီးဆုံးသွားတာကြာလှပေါ့
အဝေးရောက်ပြီးမှအိမ်ပြန်ခက်သူတွေလေ
ရင်ထဲ သတိရဆဲပေါ့
ထွက်သွားရင်လည်းမထူးပါဘူးချစ်သူရယ်
ကြင်နာခြင်းမရှိလို.မရှင်သန်ရတာ
ဝမ်းနည်းနေလည်းဘာတတ်နိုင်မှာလဲ
ငိုကြွေးခြင်းကိုတောင်မှ အစားမထိုးနိုင်ရင်
အစားထိုးပေးဆပ်ခြင်းတွေအကြောင်းလည်းမပြာတော့ဘူးကွယ်...........။ ။

မျှော်သူ

ငေးကြည့်ခဲ့ဖူးတဲ့ ပန်းနုရောင်လေး
ပျော်ရွှင်ပါရဲ့လား
ကိုယ့်ရဲ့လူသူမသိအလွမ်းတွေ
ကြေငြာချင်လိုက်
ဆန္ဒချည်းသက်သက် လွဲချော်ခဲ့ရတာမဟုတ်ဘူး
ခွင့်ပြုလိုက်ပါပန်းနုရောင်ရေ
သူစိမ်းတွေမှမဟုတ်တာ
သူရင်းတွေလဲ မဟုတ်ခဲ့ပြန်ဘူး
ခွင့်မပြုလည်း ငါကချစ်နေဦးမှာ
ချစ်တဲ့မင်းတစ်ယောက် ပျော်ရွှင်စေဖို.ရယ်
တိုးတိုးလေးဆိုလဲ ဒီသီချင်းပါပဲ
အဖြစ်ကတော့ အိပ်မက်ဆန်လိုက်တာ
ငါ့ရဲ့နေ.တွေမထည်ဝါခဲ့ပါဘူးကွယ်
ပန်းနုရောင်ရေ …….
နှင်းတစ်ပွေ.တစ်ပိုက်နဲ. အိမ်ပြန်
အပူတွေလာပြီးငြိမ်းလှည့်စမ်းပါ
ငါ
စိမ်းလန်းမှုတွေနဲ.ဖူးပွင့်ပစ်လိုက်ချင်လို. …………….။ ။

ဇာတ်လမ်း


မနေ.တစ်နေ.ကလိုရှိနေဆဲပါကွယ်
ရင်ကိုပါးပါးလေးခွဲသွားခဲ့
ပုံရိပ်တွေမြင်ယောင်နေဆဲ
ချစ်ရပါသောပန်းနုရောင်ရေ
မိုး တိမ် တွေ လို
ပြန်မလာတော့ဘူးလား

တိတ်တိတ်လေးကြကွဲခဲ့ရသူ
သက်သေမရှိ
အသက်ကတော့တစ်နှစ်ကြီးလာခဲ့ ရပြီ
ချစ်ရပါသော ပန်းနုရောင်ရေ
ကိုယ့်ရင်ဘတ်ကိုဖိပြီး ကျိန်ပြပါ့မယ်
ငါက အဝေးမှာ
ကြေကြေကွဲကွဲ နေခဲ့ရသူလေ
မပြောတော့ပါဘူး နေပါစေတော့
အကြင်နာတွေရဲ့ ရပ်ဝန်း
ငါနဲ.မထိုက်တန်ခဲ့ပါဘူး
ဒီနေရာမှာပဲကျန်နေခဲ့တော့မယ်

မနက်ခင်းလေးရေ မလာပါနဲ.ဦး
အိပ်မက်တွေ ဆက်မက်ချင်လို.
တကယ်ပါ ပန်းနုရောင်ရယ်
နာကျည်းပစ်မယ်ဆို ဘယ်မှာ
ချစ်ခဲ့တယ်လို.ဆိုနိုင်မှာလဲ ……………..။ ။

အလွမ်း ( ၄ )



ငါကိုအိပ်မွေ.ချလိုက်ပါ
ရင်ခုန်သံတွေမုန်းလွန်လွန်းလို.
လက်ချိုးရေရလွန်းလို.
ရက်စွဲ တွေတောင်အလွတ်ရတယ်
ဘယ်တစ်ခိုးရှင်မှမကယ်နိုင်ပါ
တစ်နေရာတစ်ဒေသစီပေါ့
ပန်းနုရောင်ရေ
မင်း ရင်ဘတ်နဲ. ဖတ်ကြည့်လိုက်ပါလား
မြင်တတ်ရင် ကျေနပ်ပါပြီ
ထပ်တောင်းပန်ပါရစေဦး
ထပ်ထွက်မသွားပါနဲ.လား
အဝေးမှာက ……..
ကိုယ်နေခဲ့ရမှာလေ ………..
မျှော်လင့်ချက်တဲ့
လေးနက်ခဲ့ပါတယ်
တကယ်ဆို ………..
ဟောဒီ ဝေဒနာ တစ်ခန်းရပ်သင့်ပါပြီ
ပြောမဲ့သာပြောရတာ
မျှော်လင့်ချက်ဆိုတဲ့ကောင်ကလဲခက်သား
ခပ်ပါပါးလေး
ခုပ်စားလာတာ
ဟော အခုဆို
အရွယ်တောင်ရောက်လာပေါ့
ဝေဒနာနေမြင့်လာတော့လည်း
ဖြေစရာက အတော်အတန်သင့်လာပါတယ်လေ
ကိုယ့်ဘာသာကိုယ်ပဲဆက်လွမ်းနေရ
ကြာလာတော့လည်း
အလွမ်းနဲ.ပဲနေသားကျလာသလို
ဟော ………
ဟိုမှာ ကြည့်စမ်း
ရောင်နီလာတော့မယ်
ငါကိုအိပ်မွေ.ချလိုက်ပါ
ရင်ခုန်သံတွေမုန်းလွန်လွန်းလို . …………။ ။

ပင်လယ်ငှက်



မီးခိုးတလူလူ လက်ပစ်ကူးခဲ့
ကမ်းခြေ ဝေးနေ.ဆီ
ကမ္ဘာလည်ချိန်များစွာထဲ
ရေသောက်မြစ်ပျောက်ရင်း
ရင်ကွဲပက်လက်ရုပ်ကြွင်းအဖြစ်
ကောင်းကင်ထဲ ငုပ်ဆင်းခဲ.ရ ......................။ ။

အလွမ်း


အလွမ်းတဲ့
အခါလွန်ဖို.
လက်ချောင်းတွေချိုးရေပြီး စောင့်ခဲ့ရ
ခုတော့
ဘယ်သူများ
တိတ်တိတ်လေး
မျက်တောင်ပုတ်ခေါ်သွားလိုက်တာလဲ ................။ ။
လင်းသု

Sunday, September 13, 2009

နှုတ်ဆက်ချင်တဲ့ နံနက်ခင်း

လချမ်းအေးအေး နှင်းဝတ်မှုံနဲ.အိမ်ပြန်
နှစ်အဆက်ဆက် ချစ်သူပန်မယ့်လရောင်ဟာ သူပဲပေါ့
ဖြစ်နိုင်မယ်ဆို .......
တေးသွားတစ်ပိုဒ်လောက် ထပ်နားဆင်ချင်လိုက်တာ
သတိရခြင်းဟာ နှင်းမှုန်တွေလို အုံ.မှိုင်းပြာဝေခဲ့
စူးစူးဝါးဝါးနာကျင်ခဲ့
အလင်းကျဲကျဲနဲ.လည်းဖူးပွင်.ချင်ခဲ့
............
ခုချိန်ထိ
နှုတ်ဆက်ချင်တဲ့နံနက်ခင်းမှာ
သူရှိနေဆဲ ......... ။ ။
မီမို
( တာရာမင်းဝေ ... သို.)

Friday, September 11, 2009

လွဲချော်နေတဲ့ ဒိုင်ယာရီ


ငါပွင့်ခဲ့တဲ့ တစ်ခင်းစာ လုံး
ပြန်မရနိုင်တာ ငါ သိတာပေါ့
ရင်တစ်ခုလုံး
မွတ်သိပ် ဆာလောင်
သတိရခြင်းတွေ တစ်နင့်တစ်ပိုးပိုင်ဆိုင်
မိုးတိမ်တွေ ဝေးသွားခဲ့ရပြီပေါ့
အထီးကျန် တယ်တဲ့လား

ငါ့စိတ်ကို ငါပြန်ဖတ်လိုက်တယ်
တိမ်တွေ အဆုပ်လိုက်ကျလာပေါ့
ငါကိုယ်ငါ မေ့ထားတဲ့ ဇတ်လမ်း
ဒီမှာပဲပြီးတော့မှာလား
နှင်းဆီတွေ တစ်ခင်းလုံးကြွေပြီး ..
ပွင့်ဖတ်တွေရဲရဲကြေလို.

စိတ်ကူးယဉ်တတ်တဲ့ကောင်
မြက်ခင်းစိမ်းမရှိတဲ့နေ.တွေလည်းဖြတ်ရဦးမှာပေါ့
ကွဲနေတဲ့ အသည်းဆိုတာ
လက်ဆွယ်ငုတ်တာ ထက်တော့နာတယ် .....
ငါက တိတ်တိတ်လေး လောင်တဲ့ပန်းတစ်ပွင့်လို
သိုသိုသိပ်သိပ် အိပ်မက်တဲ့ကောင်ပါ

ဘယ်လိုပဲပြောပြော
နေ.တွေက တဖြည်းဖြည်း ကုန်သွားခဲ့ပြီ
ချစ် ရသူပြောမယ်ဆို
အိပ်ရာဝင်ပုံပြင်လည်း ငါနားဆင်မိမှာပဲ ............ ။ ။
လင်းသု


Wednesday, September 9, 2009

ဆုတောင်း




ရင်ဘတ်နဲ. ဆုတောင်းရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ဘူး
ခပ်တိုးတိုးဆိုမိ ခဲ့တဲ့တေးရေ
မမျှော်လင့်ရဲခဲ့ပါဘူး
ဆုတောင်းရုံလေး ပိုင်ဆိုင်ခဲ့ရသူ
ဒီမှာ နွေတစ်ရာစီးပါစေ
သူမသိပါစေနှင့်
အလွမ်းတွေပါးပါးလေးကျခဲ့ရသူ
တိတ်တဆိတ်ဆိုရုံလေး ပါပဲ
ဘယ်လိုပဲ ဖြစ်နေပါစေ
ဒီရင်ကိုပဲ ၀ှက်လိုက်မိချင်တော့တယ်
ခုတော့
အိမ်ပြန်ချိန်တွေ အသက်မဲ့လွန်းလှတယ်
ရင်နဲ.ရင်းသူတွေ အချင်းချင်း
ကျွန်တော်က ပိုမယ်ထင်တယ် ..

တကယ်ပါ ချစ်ရတဲ့သူ
ခပ်တိုးတိုးဆိုမိ ခဲ့တဲ့တေးမှာ ..
ရင်ဘတ်နဲ. ဆုတောင်းရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ဘူး ........... ။
လင်းသု

( တစ်ယောက်သောသူ မွေးနေ. အတွက် )

Tuesday, September 8, 2009

ချစ်သူသိစေ

နေ၀င်ချိန်တွေစောလွန်းလှတယ်ကွယ်
ဘယ်နှစ်ခါမေးမေး
ရင်ဘတ်က ဒီတစ်ယောက်ပဲလို.ပြန်ဖြေတယ်

ကျွန်တော်ကြေကွဲတဲ့အခါ
သီချင်းတွေ အကျယ်ကြီးအော်အော်ဆိုပစ်လိုက်တယ်
သူမပြောခဲ့တယ်
ဘ၀ဟာ ပင်လယ်လိုပါပဲတဲ့
ကမ်းခြေမရှိတဲ့ငါ့အတွက်တော့
အရာအားလုံးဟာ ပင်လယ်ချည်း

ဘ၀ကလဲခက်သား
သေချာတာတွေမသေချာပြီး
မသေချာတွေကရေရာနေပြန်ရော
ပန်းနုရောင်ရေ
နွေးထွေးတဲ့အိမ်အပြန်
လူတိုင်းတောင့်တတာပေါ့ကွယ်

နှစ်တွေလတွေလား ကြာစမ်းပစေ
ဒီရင်ခုန်သံ ပြောင်းမသွားပါဘူး
ချစ်သူပျော်မယ်ဆို ကျေနပ်ပါတယ်

မနက်ခင်းတွေကိုအပြစ်မတင်တော့ဘူး
လိုနေတာကတစ်ခုထဲပါ
ဘယ်နေရာဘယ်ရောက်ရောက်
အနမ်းနဲ.ရက်လုပ်တဲ့နေပူစာလေး
ခိုလှုံ ချင်တယ်ကွယ် ……………….. ။ ။
မီမို


Friday, September 4, 2009

လွမ်းခွင့်နွေ

ရင်ဘတ်ထဲမှာရှိနေတာက သီချင်း
မျှော်လင့်ခြင်းတစ်မျှော်တစ်ခေါ်
နွေဦးရေ……
ကံကော်တွေပွင့်ပြီလား
ရနံနဲ. မှေးစက်ခွင့်လေးတောင်
ခွင့်မပြုခဲ့သူ
ဒီတစ်နွေ လည်း
ရင်ကွဲပက်လက် ဒီရက်တွေဖြတ်ရဦးမပေါ့
မျက်ရည်တော့မကျတော့ဘူး
မမေ့သေးပါဘူးကွယ်
ဘာမှမပြောချင်တော့သူ
ရေငုံနှုတ်ပိတ်
ဒီအိပ်မက်နဲ. ပဲပြန်အိပ်ပစ်တော့မယ်…………………။ ။
မီမို

တိတ်တခိုး

အလွမ်းနဲ.လောင်တဲ့စိတ်တွေ
လွှငိ့ပစ်လိုက်တယ်
ကြယ်တွေအိပ်တန်းဝင်သွားတဲ့ မနက်ခင်းလေး
ချစ်သူ အသံချိုချို တစ်ပွင့်နဲ.တင်ပြည့်စုံခဲ့ .............။

ဒီလိုနဲ.
ကျွန်တော်
အလွမ်းနဲ.လောင်တဲ့စိတ်တွေ
လွှင့်ပစ်လိုက်တယ်......................။

ချစ်သူမျက်နှာမြင်ရခိုက်လေး
တစ်ပွေ.တစ်ပိုက်နဲ. သိမ်းထားလိုက်မိတာများ
Giga Byte ပေါင်းများစွာပေါ့
ဟောဒီ ရင်ဘတ်တောင်
မဆန်. ................။ ။
မီမို

Thursday, September 3, 2009

သို.



အလွမ်းကိုမှသောက်တတ်တဲ့မြစ်ရေ
ငါဒီတစ်ခါလည်း ပေးလိုက်ရပြန်ပကော
ရိုးရိုးလေးပဲစီးစင်းခဲ့တာပါ ။

နေ၀င်သွားတဲ.မြို.ပျက်လောက်တော့
မှောင်မယ်မထင်
ကိုယ်ဖြစ်စေချင်တာပဲရှိခဲ့တာကိုး ။

တကယ်တော့
ကျွန်တော်ဆိုနေကျကိုက
လွမ်းတေးလေ ။ ။
မီမို

ပန်းနုရောင်အလွမ်းများ

ကျောင်းတုန်းကအရင်းစိုက်ထုတ်ခဲ့တဲ့ " သုံးအချိုးတစ် " ဆိုတဲ့စာအုပ်လေးထဲက စာတိုလေးတစ်ပုဒ်ကိုပြန်တင်လိုက်ပါတယ်။ချင်းတွင်းဆိုတဲ့ဆိုဒ်မှာလဲတင်ခဲ့ဖူးပါတယ်။
ဒိုင်ယာရီအဟောင်းလေးထဲကပြန်ရှာတွေ.လို.။သူငယ်ချင်းသုံးရောက်ပေါင်းရေးခဲ့တာပါ ။စာအုပ်ကတော့မရှိတော့ဘူး ။
ရောင်းကုန်..အဲလေ.. အလကားပေးလို.ကုန်တာ ..ရောင်းတာဘူမှဝယ်ကြဘူးလေ..အင်တင်တင်နဲ.။
အလကားပေးတော့မှ..အင်းအပျင်းပြေဖတ်ရတာပေါ့ဆိုပြီးယူကြတာလေ ..။ ကောင်မလေးတစ်ချို.ကိုပြောတာပါ ..၊ အကုန်ဟုတ်ဘူး ။
အဲဒီတုန်းက အသဲကွဲနေတဲ့ အဆောင်က ချိုကြီးဆိုတဲ့ကောင်အစားခံစားပြီးရေးပေးခဲ့တာ..နောက်တော့သိပ်မကြာပါဘူး ကျွန်တော်လဲ အဲဒီကောင်လမ်းစဉ်လိုက်တော့တာပဲ .... ။ အင်း ၁၀ နှစ်တောင်ကြာခဲ့ပြီနော် ...။ ကံကောင်းရင်တော့ဖတ်ဖူးတဲ့သူတစ်ယောက်တစ်လေတော့ပါကောင်းပါရဲ့ ။


ပန်းနုရောင်အလွမ်းများ

ပန်းနုရောင် ရေ
ရင်နင့်နင့်အလွမ်းတွေနဲ့
နှုတ်ခမ်းဖျားတို.အေးစက်ခဲ့ရပြီ
တတ်နိုင်ရင်ကိုယ့်မျက်ရည်တွေနဲ.
တစ်ဘ၀ စာလုံး
ခြယ်မှုန်းပစ်လိုက်ချင်တယ်
ငါအတွက်တော့
အိပ်မက်တွေသာထားခဲ့ ....................။ ။

ချစ်သူတွေ ကိုယ်ချစ်သူကိုယ် လွမ်းဖူးကြမှာပါ။
ကျွန်တော်လည်း သူမကို လွမ်းပါ၏ ။
အညတြတွေနဲ.ဖွဲ.တည်ထားတဲ. ရင်ဘတ်လေးကတော့ အခုချိန်ထိ လွမ်းနေဆဲပါ။
တမြေ.မြေ.လောင်ခဲ့ရသော ရင်တွင်းဖွဲ. မီးတောက်တို. ဘယ်တော့မှ ငြိမ်းမည်မထင်။
ခံစားရသူသက်သက်တော့ ကျွန်တော် မရပ်တည်ချင်။
တစ်ချိန်ကကျွန်တော့်ကောင်းကင်မှာ စကားလုံးတွေ အများကြီးရှိခဲ့တာပေါ.။
ရက်ရက်စက်စက်ကို ပွင့်ဖူးခဲ့ပါတယ်။
အခုအချိန်မှာတော့ တိမ်ညိုမည်းများသာနေရာယူထားကြပေါ့။
မမြင်ရတော့၊ မြင်လည်းမမြင်နိုင်တော့ပါ။
သောကတွေလွှမ်းနေတဲ့ကျွန်တော့် အာရုံ ထဲမှာ ပန်းနုရောင်အမြဲရှိနေဦးမှာပါ။
လွမ်းတတ်သူတစ်ယောက်အတွက် အတိတ်သည်မကုန်ဆုံးနိုင်။

ပန်းနုရောင်ရေ
အိပ်မက်တွေကိုခဏခဏဖက်တွယ်ပြီး
ရင်ခုန်သံတွေပြိုကွဲ
အလွမ်းငွေ.တွေလွှမ်း
အဲဒီ ရပ်ဝန်းမှာ ကျွန်တော်အမြဲရှိနေမှာပါ ။

အတွေးအခေါ်တို.သည်ဘယ်သောအခါများမှ ရင့်ကျက်နိုင်ပါမည်နည်း။
ယုံချင်စရာမကောင်းသော အကြောင်းအရာ တို.ကို ကျွန်တော်ယုံရတော့မည်။
ညနေခင်းတစ်ခုပေါ့၊ အခုထိအမှတ်ရဆဲပါ။
ပြီးတော့ ပန်းနုရဲ.နှုတ်ဖျားကပြောထွက်ခဲ့သောစကားတစ်ခွန်း။

တကယ်တော့
ငါ့ကမ္ဘာ ကို မျက်နှာသစ်ဖို.
ရေချိုချို တွေမရခဲ့ပါဘူး ။

ပန်းနုစိတ်ရဲ. အဝေးကြီးမှာတောင် ကျွန်တော်ဆိုတဲ့ကောင် မရှိနိုင်တော့ဘူးလား။
သူငယ်ချင်းတွေကပြောကြတယ်၊ အလွမ်းလိုင်စင်နဲ.ကောင်တဲ့။
ကျွန်တော့်ရဲ.လေးနက်မှုတွေ နောက်ဆုံးတန်းမှာတောင် နေရာမရခဲ့ရရှာဘူး။
ရက်စွဲတွေတစ်ရက်နဲ. မိုးလင်းခဲ့ညတွေလည်း မနည်းတော့ဘူး။
အရာခပ်သိမ်းသောဖြစ်တည်မှုတွေ စွန်.ခွာသွားသည့်တိုင် ပန်းနုရင်ထဲမှာရှိနေဦးမှာအသေအချာပါပဲ။
ဘ၀ရဲ.စီးမျောမှုထဲ ကိုယ့်ကိုကိုယ်စီရင်ခွင့်ရသူတွေထဲ ကျွန်တော်ပါဝင်ချင်တယ်။
သံယောဇဉ်ငတ်ခဲ့တဲ.နေ.တွေ မုန်းလိုက်ချင်ပါတယ်။
ဘယ်တော့မှ မဖြစ်နိုင်တော့ဘူးလား ပန်းနုရောင်ရေ၊ ငါဟာ တကယ်ပဲ ကျရှုံးခဲ့ပြီလား။

တိမ်တွေအဆုံးမရှိနိုင်ဘူး။
နစ်တစ်ချောင်းရဲ.ဒိုင်ယာရီ ဘယ်လိုများသေဆုံးခဲ့ရသလဲကွယ်။
တစ်နေ.မှာတော့ ပန်းနုရာင်ကျွန်တော့်ကို နားလည်နိုင်ပါစေ။
ကျွန်တော့်အခန်းဆက်အိပ်မက်တွေမှာ သူပါဝင်နေဦးမှာ။


ရင်ခွင်ထက်ကနှင်းစက်တွေမုန်းတယ်
ဒီဇင်ဘာရဲ. တံခါးတွေ
ငါ့လက်နဲ.ကာထားချင်တယ်
အဝေးမှာ
နှင်းမှုန်တွေကျနေတုန်းလား
ငါ့ လမ်းတွေဆိုတာတော့
......................................
........................................
....................................... ။ ။
မီမို

Monday, August 3, 2009

အလွမ်းလောင်သောနေ.ရက်များ














အနာတရမိုးရေစက်တွေ
ရင် ကို ရိုက် ခွဲ သွား
ပန်းနုရောင်ရေ
ငါတကယ် ကျရှုံးခဲ့ပြီလား
သနားလို.ပဲဖြစ်ဖြစ်
သတိရခွင့်လေးတော့ပေးပါ

တကယ်ပါ
ပြန်မဆုံမှာကိုကြောက်ခဲ့သူ
အိမ်မက်တွေပင်လယ်ဖြစ်ပစေ
အလင်းနေ.တစ်နေ.လောက်ပေးလှည့်ပါ
ရင်လွဲသူတစ်ယောက်
ဘယ်လိုခြေလှမ်းနဲ. အိမ်ပြန်ပြန်
အနမ်းတွေမပန်နိုင်သရွေ.တော့
အထီးကျန်နေ……………………

ဘ၀က
တစ်ခါလာလည်း ဒီနမိတ်ပုံ
ဇတ်လမ်းကဇတ်လမ်းကိုပြန်ရေးသွား
ထူးခြားလာတာဆို
အဆိပ်ချိုပြင်းနေ.တွေကသာအနိုင်ယူပြီး
ကိုယ့်ကိုကိုယ် “မကျေနပ်ဘူး “လို. အော်အော်နေရ
သြော် ……..
ရင်လွဲသူတစ်ယောက်
ဘယ်တော့များ
ငါ့အိမ်အပြန်
ရက်မှန်ကြေးလေးဆွတ်ခူးမလဲ ………………..။ ။
မီမို

Friday, July 3, 2009

မိုး


မနေ.ကမိုးရွာတယ်
ရင်ထဲမှာ .....
ဒီနေ.လည်းမိုးရွာတယ်
အပြင်မှာ ......
အသေ အချာပါပဲ
မနေ.ကမိုး မတိတ်တော့ဘူး
ဒီနေ.မိုးရော .......။ ။








မိုး ...... ဆိုတဲ့ ကဗျာလေးနဲ. မိတ်ဆက်လိုက်ပါတယ် ...။
ချစ်ခင်သူအပေါင်း အလွမ်းများလက်မှ လွတ်မြောက်ကြပါစေ .. ။
မီမို.............