Thursday, September 17, 2009

အလွမ်း ( ၄ )



ငါကိုအိပ်မွေ.ချလိုက်ပါ
ရင်ခုန်သံတွေမုန်းလွန်လွန်းလို.
လက်ချိုးရေရလွန်းလို.
ရက်စွဲ တွေတောင်အလွတ်ရတယ်
ဘယ်တစ်ခိုးရှင်မှမကယ်နိုင်ပါ
တစ်နေရာတစ်ဒေသစီပေါ့
ပန်းနုရောင်ရေ
မင်း ရင်ဘတ်နဲ. ဖတ်ကြည့်လိုက်ပါလား
မြင်တတ်ရင် ကျေနပ်ပါပြီ
ထပ်တောင်းပန်ပါရစေဦး
ထပ်ထွက်မသွားပါနဲ.လား
အဝေးမှာက ……..
ကိုယ်နေခဲ့ရမှာလေ ………..
မျှော်လင့်ချက်တဲ့
လေးနက်ခဲ့ပါတယ်
တကယ်ဆို ………..
ဟောဒီ ဝေဒနာ တစ်ခန်းရပ်သင့်ပါပြီ
ပြောမဲ့သာပြောရတာ
မျှော်လင့်ချက်ဆိုတဲ့ကောင်ကလဲခက်သား
ခပ်ပါပါးလေး
ခုပ်စားလာတာ
ဟော အခုဆို
အရွယ်တောင်ရောက်လာပေါ့
ဝေဒနာနေမြင့်လာတော့လည်း
ဖြေစရာက အတော်အတန်သင့်လာပါတယ်လေ
ကိုယ့်ဘာသာကိုယ်ပဲဆက်လွမ်းနေရ
ကြာလာတော့လည်း
အလွမ်းနဲ.ပဲနေသားကျလာသလို
ဟော ………
ဟိုမှာ ကြည့်စမ်း
ရောင်နီလာတော့မယ်
ငါကိုအိပ်မွေ.ချလိုက်ပါ
ရင်ခုန်သံတွေမုန်းလွန်လွန်းလို . …………။ ။

No comments:

Post a Comment