Thursday, September 24, 2009

ပင်လယ်ရဲ.တေး



ရနံ.တွေတဖျပ်ဖျပ်ထနေတဲ့ပင်လယ်
ငြိမ်လှချည်လား

ဆေးမဆိုးရသေး
မျက်ကွင်းဟောက်ပက်အိပ်မက်တွေ
ဆောင်းရဲ.အပေါ်ယံကို ခုတုံးလုပ်
မွေးဖွားခြင်း၊သေဆုံးခြင်း
သူ.အလိုအတိုင်းပေါ့

သီချင်းတွေဘယ်လောက်များဆိုခဲ့ကြသလဲ
ကမ်းစပ်ရဲ. နရီထဲ
ရာသီတွေအသက်ရှူရပ်လို.
အ မေ့ တ မော ............................။ ။
လင်းသု

၁၇.၀၁.၂၀၀၉ နေ. East Coast Park အမှတ်တရ ................

No comments:

Post a Comment