Wednesday, September 9, 2009

ဆုတောင်း




ရင်ဘတ်နဲ. ဆုတောင်းရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ဘူး
ခပ်တိုးတိုးဆိုမိ ခဲ့တဲ့တေးရေ
မမျှော်လင့်ရဲခဲ့ပါဘူး
ဆုတောင်းရုံလေး ပိုင်ဆိုင်ခဲ့ရသူ
ဒီမှာ နွေတစ်ရာစီးပါစေ
သူမသိပါစေနှင့်
အလွမ်းတွေပါးပါးလေးကျခဲ့ရသူ
တိတ်တဆိတ်ဆိုရုံလေး ပါပဲ
ဘယ်လိုပဲ ဖြစ်နေပါစေ
ဒီရင်ကိုပဲ ၀ှက်လိုက်မိချင်တော့တယ်
ခုတော့
အိမ်ပြန်ချိန်တွေ အသက်မဲ့လွန်းလှတယ်
ရင်နဲ.ရင်းသူတွေ အချင်းချင်း
ကျွန်တော်က ပိုမယ်ထင်တယ် ..

တကယ်ပါ ချစ်ရတဲ့သူ
ခပ်တိုးတိုးဆိုမိ ခဲ့တဲ့တေးမှာ ..
ရင်ဘတ်နဲ. ဆုတောင်းရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ဘူး ........... ။
လင်းသု

( တစ်ယောက်သောသူ မွေးနေ. အတွက် )

3 comments:

  1. ကဗျာတွေရေးရင် နုနုလေးတွေနော်... ကြိုက်မိတယ်...

    ReplyDelete
  2. ဒီဆုတောင်းကဗျာလေးကိုလည်း ကြိုက်တယ် ..

    ReplyDelete
  3. ကဗျာတွေ ဖက်ရဒါ စိတ်ထဲ နတ်ဆက်တဲ့ ပွဲတော်အုတ်ဘဲ ကြိုက်သွားပြီးဗျာ

    ReplyDelete