Thursday, September 17, 2009

တစ်ကိုယ်ရေအလွမ်း



မြို.ပြညရဲ့ ကပိုကရိုထဲ
ဖွဲ.လို.မဆုံး ရင်ဘတ်နဲ.
ကျွန်တော်
လွမ်းချင်တိုင်းလွမ်းပစ်လိုက်တယ်

ရေသေတွေလိုတော့မနေချင်ပါဘူး
ငါ့မှာကူးခတ်ဖို.ဆန္ဒရှိနေသေးလို.ပါ
ကောင်မလေးရေ
ခွင့်ပြုပါနော်
ငါခိုးယူခဲ့ဘူးတဲ့အကြည့်လေးတစ်ချက်
ပြန်မတောင်းပါနဲ.

ရာသီတွေသေအောင်များပြုစားရော့သလားကွယ်
ကောင်မလေးရေ
မင်း မရှိတဲ့အချိန်များ
ခြောက်ကပ်ကွဲအက်
နေတစ်ရာပူပြင်း ဒီရင်တွင်း
မြင်စမ်းစေချင်

အဝေးဆုံးထိတော့ မဝေးသေးပါဘူး
တစ်နေနေ.မှာ ပြန်ဆုံဖို.
ငါဆုတောင်းပါရစေလား

မြို.ပြညရဲ့ ကပိုကရိုထဲ
ဖွဲ.လို.မဆုံး ရင်ဘတ်နဲ.
ကျွန်တော်
လွမ်းချင်တိုင်းလွမ်းပစ်လိုက်တယ် ။ ။

No comments:

Post a Comment