Showing posts with label သူတို့ရဲ့ကဗျာတွေ. Show all posts
Showing posts with label သူတို့ရဲ့ကဗျာတွေ. Show all posts

Thursday, October 15, 2009

တွေဝေလိပ်ပြာ


ရင်ထဲဖြစ်လာ ၊ ဝေဒနာကို
မြင်တာသိနိုး ၊ မျှော်လင့်တိုးလျက်
လက်ချိုးတွက်ရေ ၊ ပင့်သက်ရှည်ချ
လွမ်း နေ. ည များ။ ။
နေနော်

ထပ်တူခံစားမိတဲ့ ကဗျာလေးပါ ၊ ဆရာ နေနော် ရဲ့ လုံးချင်းဝတ္တု တစ်ပုဒ်ထဲကပါ ၊ ၀တ္တု နာမည်က သိပ်မမှတ်မိတော့ပါ ၊ ကာရန်ပျက်ကဗျာ လို.တော့ထင်ပါတယ် :)

Tuesday, September 22, 2009

ညက ညီမလေးမက်ခဲ့တဲ့အိပ်မက်

တစ်မိုးအောက်မှာ
မေမေ့မျက်နှာက လမင်းကြီးချိတ်ဆွဲထားသလို
ကြည်လင်ဝင်းပ
သည်ထက်ပြည့်စုံတဲ့ စိတ်ကြွယ်ဝမှုမျိုး မရနိုင်တော့သလို
တခဏ လမ်းပျက်သွားတဲ့ အရသာ
ကိုယ်စီ

ဖေဖေကတော့
သူရဲ့ ကျယ်ပြန်နက်ရှိုင်းတဲ့ ရင်ခွင်ထဲ
မေမေရယ် ကိုကိုရယ် ညီမလေးရယ်
သုံးယောက်စလုံးကိုသိမ်းကျုံးထည့်
တစ်မိုးအောက်မှာ
အခါရာသီဆိုတာရှိခဲ့တဲ့ ဒီမိသားစုလေး
မိုးရွာပေမယ့် မိုးမရွာတော့ဘူး
နေပူပေမယ့်နေပူတော့ဘူး
နှစ်ပရိစ္ဆေဒတွေ
ဘယ်လောက်ကြာမြင့်ခဲ့ပြီလဲ
ကျောခိုင်းဝေးကွာခဲ့ကြတဲ့ ဖေဖေနဲ.နဲ.မေမေ
ညက ပြန်ဆုံတယ်
ဆိုးမိုက်ပေတေ အိမ်ပြန်မလာတဲ့ ကိုကို
ညက အိမ်ပြန်လာတယ်

မိုးတိမ်တွေပြိုကျမနေနဲ.တော့ ညီမလေးရယ်
အရာရာကို ကိုယ်ကပြုပြင်ခဲ့ပေမယ့်မရဘူး မဟုတ်လား
ညက ညီမလေးမက်ခဲ့တဲ့ အိပ်မက်ကို
ကိုကိုလဲ မက်ခဲ့တယ် .................. ။ ။

နေမျိုး
ဟန်သစ်မဂ္ဂဇင်း ၊ စက်တင်ဘာ ၊ ၂၀၀၁

ကြိုက်မိတဲ့ ကဗျာလေးပါ ။ ကဗျာဆရာ ကို ဒီကနေပဲ ခွင့်တောင်းပါရစေ ။