Thursday, April 7, 2011

ကျွန်တော် ဖျားနာမှုနှင့်ရောင်းမထွက်တဲ့ပုပ်ကုန်တစ်ချို.


နေ.တစ်ခုလုံးအစိမ်းရောင်တွေချည်းပဲ
ငါမမုန်းပါဘူး ပန်းနုရောင်ရေ ..
ရင်နာရုံလေးပါပဲ

ရင်မှာကျန်ခဲ့တဲ့ခြေရာတွေလာကြည့်လှည့်ဦး
ခဏခဏဟော်တယ်ဖြစ်သွားတဲ့ရင်ဘတ်လေ
တစ်ချက်လောက်နားလည်ပေးကြည့်ဦး
နွေတစ်ရာလားလာစမ်း .......လည်စင်းခံလိုက်တော့မယ်
ဝီစကီချိုတာငါလက်ခံတယ်
မဲပေးစရာမလို ငါ့ဘာသာလက်ခံတယ်
ဘာမှလာမမေးနဲ့တော့
သိချင်ရင် အိမ်အောက်က ခုံတွေသွားမေးကြည့်
ငါ့phoneလေးက သက်သေလေ
အမ်မာတီတိုင်တွေ သက်သေရှိတယ်
အိပ်မက်ကိုခေါင်းအုံးအိပ်ရင်း မိုးလင်းဖူးပြီ

မျက်ဝန်းတွေ အေးဆက်ဆက်နဲ.
ပရိတ်သတ်မနှစ်သက် တဲ့ ဆက်တင်တစ်ခုလို
အသေအချာ လွဲခဲ့ပြီ
စေ့ထားတဲ့ တံခါးများ
အော်သံရဲ့ အဆုံးမှာ သေနေခဲ့ပြီလား...
အော်သံရဲ့ အဆုံးမှာ သေနေခဲ့ပြီတဲ့ ....
ငေးကြည့်ခဲ့ဖူးတဲ့ ပန်းနုရောင်ရေ ...
ပျော်ရွှင်ပါရဲ့လား
ကိုယ့်ရဲ့ ... အလွမ်းတွေ
ကြေငြာချင်လိုက်တာ
ဆန္ဒချည်းသက်သက် လွဲချော်ခဲ့ရတာမဟုတ်ဘူး
ခွင့်ပြုလိုက်ပါပန်းနုရောင်ရေ မ၀ံ့မရဲပေါ့
သူစိမ်းတွေမှမဟုတ်တာ
သူရင်းတွေလဲ မဟုတ်ခဲ့ပြန်ဘူး
ခွင့်မပြုလည်း ငါကချစ်နေဦးမှာ
ချစ်တဲ့မင်းတစ်ယောက် ပျော်ရွှင်စေဖို.ရယ်
တိုးတိုးလေးဆိုလဲ ဒီသီချင်းပါပဲ
အဖြစ်ကတော့ အိပ်မက်ဆန်လိုက်တာ
ငါ့ရဲ့နေ.တွေမထည်ဝါခဲ့ပါဘူးကွယ်
ပန်းနုရောင်ရေ …….
နှင်းတစ်ပွေ.တစ်ပိုက်နဲ. အိမ်ပြန်
အပူတွေလာပြီးငြိမ်းလှည့်စမ်းပါ
ငါ
စိမ်းလန်းမှုတွေနဲ.ဖူးပွင့်ပစ်လိုက်ချင်လို. …………….။ ။

မီမို

Wednesday, March 2, 2011

အိမ်ပြန်နောက်ကျသူ

မြင်ရတယ်
ရင်ဘတ်ထဲက အလွမ်းတွေ
မြင်ရတယ်
ခြေတံရှည်လာတဲ့ အိပ်မက်တွေ
မြင်ရတယ်
စိတ်ကူးနဲ. ထွန်းလိုက်တဲ့ အလင်းတွေ
မြင်ရတယ်
၁၀ စုနှစ်တစ်ခုစာ နောက်ကျခြင်းတွေ
မြင်ရတယ်
မြင်ရတယ်
ဧရာဝတီ ရေ
စိတ်ကူးနဲ. ချောင်ပိတ်မိနေတဲ့ အရပ်မှာ
ခုထိ
ငါ အိမ်မပြန်နိုင်သေး ...................။ ။
လင်းသု



Sunday, June 20, 2010

ဇာတ်လမ်း

အကောင်းစားသီချင်းတွေ စာအံချိန်မှာ
ငါ လဲကျနေခဲ့တယ် ။

ငိုနေတဲ့နှင်းရာသီရေ
ငါဟာ တုံးလုံးစင်းသေနေတဲ့ ကဗျာတစ်ပုဒ်ကွဲ.
အချစ်ကိုစိတ်ပျက်ရင်း
လွမ်းမိလွမ်းရာ ကမ်းလွန်လှေတွေဆိုက်ခဲ့
ရူးရူးနှမ်းနှမ်းနေ.တွေနဲ.
နိုးထမှုတွေမရေရာခဲ.ဘူး ။

ဆံရှည်လေးရေ .........
ငါရူးနှမ်းခဲ.ပါတယ်
စိတ်တွေသာအမြင့်ဆုံးပျံခဲ့ပေမယ့်
ချစ်သူကမ္ဘာက တစ်ဘက်စီ
အပေါစားအချစ်တစ်ခုတစ်လေတောင်
ရောက်မလာခဲ့ဘူး ။

ဘ၀က အိပ်မက်လို မရေမရာ
ငါမုန်းတဲ့ရက်စွဲတွေတစ်ရွက်ပြီးတစ်ရွက်
ရင်ဘတ်ထဲ ထိုးထည့်
အချစ်ဟာ စောင်တစ်ထည်လောက်တောင် မနွေးထွေးတော့

ဘယ်သူမှမမှားဘူး
ဆံရှည်လေးရေ
တိမ်တွေခရီးထွက်သလို ဝေးကွာနေပုံများ
အိမ်ပြန်လို.မရတဲ့ ရင်ဘတ်တစ်စုံနဲ.
ခံစားချက်က တော့
လတ်လတ်ဆတ်ဆတ်
တကယ်တော့
ဆံရှည်လေးရေ
အကောင်းစားသီချင်းတွေ အိမ်ပြန်ချိန်မှာလည်း
ငါလေ လဲကျခဲ့ပြန်တယ် ကွယ် ။ ။
လင်းသု
အမှတ်တရနေ.လေးတစ်နေ.သို.

Friday, April 2, 2010

ငါ
မယုံဘူး၊မယုံချင်ဘူး ......
နှစ်ခါပြန်အဆင်းခံရတဲ့မြစ်လေ
လေထဲမှာ လေ
ဖြေသိမ့်မလိုနဲ့ ဝေးခဲ့ရတာ
ငါ့ကိုယ်ငါတောင်မေ့လို.
အဖြူရောင်ဆန်လွန်းတဲ့မြစ်ကဗျာ
ငါ့ဖြစ်စဉ်တွေက ရောင်ဝါးလွန်း
နင်နိုင်ပါရဲ့
ဒါပေမယ့်နင်လဲရှံးခဲ့တယ်၊ငါလဲ

Sunday, March 21, 2010

အမှား .........









လွမ်းတဲ့ အခါ
ကောင်းကင်ပေါ် ခြေစုံပစ် ၀င် အိပ်ချင်လိုက် တာ
မေမေရယ်
သားကို ကောင်းကင်ကပြောတယ်
နင်ဟာ ကောင်းကင်နဲ. မထိုက်တန်တဲ့ကောင်တဲ့
အပေါစား ၀တ္ထု တစ်အုပ်လောက်တောင် အသုံး မကျပုံများ
မျက်နှာ ဖုံး မြင်တာ နဲ. စိတ်ပျက်လောက်တဲ့ ဆက်တင်
ကျွန်တော် လား အသေ အချာ လေ မှားခဲ့ တာ
ရောင်ခြောက်ဆယ် စိတ်ကူး
..............................
..............................
..............................
မှားပြန်ပေါ့ .......
မေမေ ရေ
လောကမှာ
အမှားအတွက် နောင်တရသူတွေထဲ
သား နောက်ဆုံးတန်းကနေ ပထမရခဲ့ ရပေါ့ ........... ။ ။
မီမို

Thursday, March 11, 2010

အိပ်မက်အသေနဲ.လူ






















ငါမသိတဲ့ဇတ်မှာ
ငါဟာ ဇတ်လိုက်ဖြစ်ခဲ့တယ်တဲ့
ဟား ဟား ဟား ................
ဘ၀ကို
ရေလောင်းပေါင်းသင်ဖို.မေ့ခဲ့သူလေ
သံယောဇဉ်ကပြန်သတ်ခဲ့တယ်
ငါချစ်တဲ့ နှင်းဆီရယ်
နင်လေ နင်
..........................................
ရူးရူးမိုက်မိုက်
အသည်းကိုလေလံဆွဲခဲ့တယ်
အောက်ဈေးတစ်ဝက်လျော့
သေပါရော့လား
ငါ့ညတွေသာ အထီးကျန်
အိပ်မက်အသေနဲ.လူ
အချစ်အမုန်း ဘာမှ မရှိတော့ဘူး
နိုးထခွင့်ဟာ ငါနဲ. မဆိုင်တော့
ငါသိလိုက်ပါပြီ
ဘ၀ ဟာ
အိပ်မက်ဆို မနိုးချင်တော့ပါဘူးကွယ် .......... ။ ။
လင်းသု

Sunday, January 24, 2010

လွမ်းတဲ့အကြောင်း

လွမ်းတယ်
ဘာနဲ.မှမတူအောင်ကိုလွမ်းတယ်
အစိုင်အခဲအဖြစ် မွန်းကြပ်ခဲ့ရတဲ့နေ.တွေကုန်ပါရစေ
ရယူခြင်းအတွက်ပေးဆပ်တယ်ဆိုတာထက်
ပေးဆပ်ဖို.သက်သက်ပဲ ပေးဆပ်ခဲ့ပါတယ်
ဘယ်လိုပဲဖြစ်နေပါစေ
ယုံပါ ...........

အလွမ်းဆိုတာ ဆွေမျိုးပေါက်ဖော်လို မိတ်ဖွဲ.ခံနေရတော့
အချစ်ဆိုတာဟာကိုယ်နဲ.ဘာမှမဆိုင်တော့သလိုပါပဲ

ချစ်ရတဲ့သူရယ်
ငါ့အမှောင်တွေ ပြန်လင်းမယ့်နေ.ဆိုတာ
ကြယ်တွေပျံလာမယ့်နေ.ဆီ
မျှော်မိတဲ့ ကလေးတစ်ယောက်လို

ကိုယ့်ဘာသာဗေဒနဲ.ပဲ ရေးခဲ့တဲ့ဇာတ်လမ်း
စင်တင်ပြလို.မရတော့ဘူး
ရေငုံနှုတ်ပိတ်
ကိုယ့်ဘာသာကို ကြိတ်ငိုပေရော့ ...... ။ ။
မီမို

Wednesday, January 13, 2010

အလွမ်းများအကြောင်း

ကဗျာတွေလာဖတ်တဲ့ သူငယ်ချင်းတွေ အားလုံး ကျေးဇူးအထူးတင်ရှိပါတယ် ။
ရင်ခုန်သံကို ကဗျာ အဖြစ်ပြောင်းလဲ တဲ့ အတွက် တစ်ချို. အကြောင်းအရာများဟာ တစ်မျိုးဖြစ်နေပါလိမ့်မယ် ။ ခွင့်လွှတ်နားလည်ပေးနိုင်လိမ့်မယ် ဟု မျှော်လင့်ပါတယ် ။တကယ်တော့ ကျွန်တော် ကဗျာ ဆရာ မဟုတ်ပါ ။ ကဗျာ ဟုထင်ရသော ရင်တွင်းဖွဲ. စာစုလေးများအား စုစု စည်းစည်တင်ပြခြင်းပါ ။ သူငယ်ချင်းတွေ အလွမ်းများလက်မှ ရုန်းထွက်နိုင်ပါစေ။
လင်းသု




Sunday, January 10, 2010

ရနံ.ပျက်သွားတဲ့ကာရန်

မျှော်လင့်ခြင်းအပုပ်အသိုးတွေ
ဘာမှသုံးမရတဲ့ ပုလင်းအဖုန်းတွေလို
တန်ဖိုးမဲ့ခဲ့ရပေါ့ ...
သုည ဟာနောက်ဆုံးတော့ သုညပဲဖြစ်ပါတယ်တဲ့
ရှင်းပါတယ်နော်
ထားလိုက်ပါတော့
ချစ်ရသူပျော်မယ်ဆိုကျေနပ်ပါရဲ.
ဘယ်သူ ကအရေးလုပ်မှာလဲ
ရှင်းပါတယ်နော်
သုည ဟာနောက်ဆုံးတော့ သုညပဲဖြစ်ပါတယ်တဲ့
အဲဒီကောင်ရူးတာတောင်နည်းသေးတဲ့
ပြောကြပါစေလေ
ငါ က ဗလာနတ္ထိစိတ်နဲ.
ကောင်းကင်ကို မှဝယ်ပေးချင်ခဲ့တာကိုး
ဘာမှမရှိသူအတွက်ဘာမှမရှိတာပဲ တရားပါတယ်
ဘ၀ရဲ့ စိမ်းရောင်စိုနေ.တွေဆိုတာ တစ်ခါမှမရခဲ့လို.
တကယ် တမ်းတခဲ့မိပါတယ် ...
ချစ်သူရယ် ...
ဒီတစ်ခါ အရှုံးကို ဘာနဲ.မှမလဲတော့ဘူး
စိတ်မကောင်းတော့မဖြစ်လိုက်ပါနဲ.ချစ်သူရယ်
ငါ ဟာ နငိ့အတွက်ဘာမှအရာမ၀င်တဲ့ ခပ်မွဲမွဲ တိမ်တစ်စရယ်ပါ
လေပြေညင်းတွေရဲ့ အကြည့်လေးတောင်ခံခွင့်မရှိခဲ့သူပါ
ဘယ်လို ဘယ်လို
ခေတ်အဆက်ဆက်တွေမှာ ချစ်သူကို သူရဲကောင်းတွေချစ်ခဲ့ကြလဲ
ငါက သူရဲကောင်းတော့မဟုတ်ခဲ့ပါဘူး
ဘယ်လိုမေ့ရမှာလဲ
ဒါဟာ ပြဇတ်တစ်ပုဒ်မဟုတ်ခဲ့ပါဘူးကွယ်
ငါဟာရနံနဲ.တင် မူးမိုက်ခဲ့ရတဲ့ ပျားလေးတစ်ကောင်ပါကွယ်
သူ.ဆံနွယ်တွေ လေဝှေ.ရင်တောင်
စိတ်တစ်ခုလုံးပြုတ်ကျခဲ့ရသူပါ
တကယ်ပါ .......
ပင်လယ်တွေ ဘယ်လိုစီးစီး
ငါရဲ.စီးဆင်းမှုတွေကို သူတို.လိုက်မမှီနိုင်ပါဘူးကွယ်
ငါမငိုချင်ပါဘူး
ဒါပေမယ့်ငိုမိတယ်
သုည ဟာနောက်ဆုံးတော့ သုညပဲဖြစ်ပါတယ်တဲ့
ရှင်းပါတယ်နော်
တကယ်လို.များ
ချစ်ရသူ ခွင့်ပြုမယ်ဆို
ဟော ဒီရင်ခွင်တံခါး
ထာဝရ ဖွင့်ထားလျက်ပါ ....။။
လင်းသု

၁၀.၀၁.၂၀၁၀ အမှတ်တရရေးသည် ။

Tuesday, December 29, 2009

စိတ်တွေကျပျောက်ခြင်း

အဲဒီတိမ်တွေ လာကြပြန်ပေါ့
ငါလွမ်းတဲ့အကြောင်းမှာ
အပ်ကြောင်းတွေထပ်ခဲ့ပါတယ် ချစ်သူ
ငါရဲ့နေ.တွေဆိုတာ
မြို.ပြဆန်ဆန် အထီးကျန်
ဘာတစ်ခုဖြစ်မလာတော့ဘူးဆိုတာ
သံချေခြင်းလိုဝတ်ဆင်ခဲ့ရ
နေ.တွေကို စိတ်ကပြန်သိမ်းသွားခဲ့တယ်
ငြိမ်းအေးရာနေရာဟာ
ထာဝရနဲ.လက်တစ်ကမ်းမှာ
နမိတ်ပုံတွေဟာ တကယ်ဆို
ဘ၀ ကို ရေလောင်းပေါင်းသင်ဖို. အင်အားတွေတဲ့လား
ငါဘာမှမသိချင်တော့ဘူး
ညတွေကို စိတ်ကပြန်သိမ်းသွားခဲ့တယ်
သြော်
နေ.တွေ ည တွေကို စိတ်ကပြန်သိမ်းသွားခဲ့ရပေါ့ ..... ။ ။
လင်းသု

Thursday, December 3, 2009

လေညင်းတွေအေးဆက်
ညနက်နက်ထဲ
ငါ့စိတ်တွေသေခဲ့ရပေါ့
အဲဒီအမှောင်တွေ
ငါကြောက်ခဲ့ဘူးပါတယ်
ငါမရှုံးပါဘူး
ချစ်ခွင့်တော့ရှိပါသေးတယ်
ကိုယ့်ကိုယ်ကိုဖြေသိမ့်လိုက်တယ်
ငါ ....
အဲဒီအမှောင်တွေတော့ကြောက်တယ် ... ။ ။
လင်းသု

Friday, November 27, 2009

တိတ်တခိုး

ဦးဦးဖျားဖျားပွင့်ခဲ့တဲ့ မီးခိုးတွေ
ဘယ်လိုမေ့ရမှာလဲ
ဒီရင်ကိုပဲလောင်စမ်းပါစေ
သူမသိပါစေနဲ.
မပြောရက်ခဲ့ပါဘူး ........

တိတ်တခိုးပါဆိုမှ
ဘယ်သူကသိပြီး
ဘယ်သူကကယ်နိုင်မှာလဲ ........

ဘာပဲဖြစ်ဖြစ်
သတိလေးတော့ရပေးပါ ချစ်သူရယ်
ယုံပါ
မင်းပန်ဖို.
ကိုယ်တစ်ခင်းလုံးစာ
ပွင့် ခဲ့ ပြီး ပြီ .....။ ။
လင်းသု

Saturday, November 14, 2009

လွမ်းချင်း

မနက်ခင်းတွေ.. သွေးပျက်
လက်ကျန်ကော်ဖီတွေ..အေးဆက်
မနေ.ညက ငါအိပ်ပျက်တယ်
လမင်းကိုမှပန်ချင်တဲ့တေလေ
ချစ်ချင်းနဲ.မျက်နှာသစ်ခွင့်မရခဲ့ဘူး
တိတိတ်လေးဝင်လာခဲ့တယ်
ဘာတဲ့
အလွမ်းဆိုလား
ကိုယ့်ဘာသာ ကို ချောင်ပိတ်မိခဲ့ရပေါ့ ။
လင်းသု

Sunday, November 8, 2009

စိတ်

ဒီအိပ်မက်တွေခြောက်ခမ်းသွားတဲ့အခါ ၊ ငါ ဒီကမ္ဘာမှာရှိနေနိုင်ပါ့ဦးမလား
အဲဒီလိုတွေးခေါ်ခဲ့လို.များ ၊ နေ.ရက်တွေစီရင်ခံခဲ့ရတာများလား
ဖြစ်နိုင်မယ်ဆို ၊ ငါ့အတောင်ချိုးလို.ပေးလိုက်ချင်ပါရဲ့
ချစ်သူရယ် ...
ငါ့ကိုယုံပါလို.ထပ်မပြောတော့ဘူး ၊ အချိန်တွေကသက်သေပြလိမ့်မယ်
နေမ၀င်တော့တဲ့မြို.ဆိုတာ ၊ ဟောဒီရင်ဘတ်ရှိတဲ့နေရာပေါ့ ..... ။ ။
လင်းသု

Wednesday, November 4, 2009

မျှော်သူ

လရာင်ကိုမျှော်တဲ့ စိတ်နဲ. ၊ ဘ၀ကိုရေလောင်းပေါင်းသင်ခဲ့တယ်
နောက်ဆုံးအချိန်ထိ ကူးခတ်ပါရစေ ၊ ကမ်းခြေမရှိတဲ့ ငါးတွေလိုတော့ မနေချင်ပါဘူး
ချစ်သူရေ ...
စာမေးပွဲကျတဲ့ စိတ်မျိုးနဲ. လွမ်းတယ်
စိတ်တိုင်းကျရေးထားတဲ့ သီချင်းတွေ ၊ ဆိုပါရစေ
တစ်နေကုန်တာတောင်ငါးတစ်ကောင်မှမရတဲ့ တံငါ ၊ အိမ်ပြန်တော့ခက်ပါပြီ
ဘ၀ကို မိတ္တူတစ်ထပ်ဆွဲပြီး ၊ မျှဝေလိုက်ချင်ရဲ့
လေနှင်ရာသွားခဲ့လား ၊ မုန်တိုင်းနဲ.တိုးခဲ့လား
တစ်ခုမှမကြုံချင်ပါဘူး ၊ မပြောပါနဲ.
ငါကြောက်တဲ့ အမှောင်တွေ ၊ မလာပါနဲ.ဦး
ရင်နဲ.ရေးတဲ့ကဗျာမှာ ၊ မုသားမပါဘူး ချစ်သူရယ်
တားမရတဲ့စိတ်ကို ၊ လွတ်လပ်ခွင့်ပေးပါ
ဒီရင်ဘတ်လေးထဲ ၊ နောင်နှစ်များစွာတိုင် .......။ ။
ကမ်းခြေမရှိတဲ့ ငါးတွေလိုတော့ မနေချင်ပါဘူး ...
စာမေးပွဲကျတဲ့ စိတ်မျိုးနဲ. လွမ်းတယ် ...
ဘ၀က သေသေချာချာကို လတ်ဆတ်ခဲ့သကိုး ... ။    ။
လင်းသု

Tuesday, October 20, 2009

လွမ်း







မျက်ဝန်းနဲ.ပြောတဲ့စကားတွေ အပြည့်
ဘ၀ရဲ့ရှုမျှော်ခင်းတွေမှာ
ပန်းနုရောင်ဆေးတစ်စက်လောက်
တမ်းတခဲ့ပါတယ်
မျှော်လင့်ခဲ့ပါတယ်
အရူးအမူးပေါ့

ကိုယ့်ဆန္ဒကိုပြန်မျိုချခဲ့ရတဲ့နေ.တွေ
ဘာသာပြန်ဖို.ကြိုးစားခဲ့တဲ့နေ.တွေ
ဆွံ.အသွားတဲ့ ညနေခင်းတွေ
ဘယ်လောက်များ များခဲ့ပြီလဲ
တမ်းတခဲ့ပါတယ်
မျှော်လင့်ခဲ့ပါတယ်
အရူးအမူးပေါ့

မိုးတိမ်တွေလိုတော့ ထွက်မသွားလိုက်ပါနဲ.
တစ်ချိန်ချိန်မှာပေါ့
ဘ၀ရဲ့ရှုမျှော်ခင်းတွေမှာ
ပန်းနုရောင်ဆေးတစ်စက်လောက်
နမ်းရှိုက်ခွင့်ရချင်ပါသေးတယ်
ချစ်သူရယ် .............. ။ ။
လင်းသု

Friday, October 16, 2009

နှင်းဆီကြွေတဲ့အိပ်မက်



လမင်းအိမ်ပြန်နောက်ကျတဲ့နေ.
စိတ်ကူးတွေ ရေဆန်ပြန်တဲ့နေ.
ဘယ်လို သမိုင်းကမှ လိုက်မမှီတဲ့နေ.
ဒီလိုတစ်နေ.မှာ တို.တွေ ဝေး ခဲ့ကြပြီ

ရင်တစ်ချက်ခုန်လိုက်တိုင်း
နှင်းဆီတွေ အဆုပ်လိုက်ပွင့်တယ်
ငါ ဘယ်လိုများယုံကြည်ခဲ့ပါသလဲ
ချစ်သူသိစေချင်လိုက်တာ
ပြန်မလာတော့ဘူးတဲ့

ကံကြမ္မာတဲ့
တို.နှစ်ယောက်ခြား ခွဲရက်လိုက်တာ
ရနံမရှိတဲ့ ပင်လယ်တွေ ရင်မှာ အခါတစ်ရာမကစီးလို.
လွမ်းလွမ်းမောမော

ခုတော့
ချစ်သူနင်းခဲ့တဲ့လမ်း
ချစ်သူနမ်းခဲ့တဲ့ပန်း
အားလုံး အားလုံး ဟာ
သူတို.မဟုတ်ခဲ့သလို ..
ကိုယ်ပြောခဲ့သလို
တစ်နေ.နေ.မှာ
ချစ်သူရှိခဲ့ဖူးတဲ့နေရာလေး
အသေအချာ ပြန်လာခဲ့ပါတယ်

ရင်မှာ
နှင်းဆီရနံ.တွေကတော့ မွှေးမြနေဆဲပါ
တစ်ခါးပေါက်ရဲ့တစ်ဖက်မှာပေါ့
ချစ်သူ. အိပ်မက်တွေ လှပပါစေ မွှေးပါစေ ငြိမ်းချမ်းပါစေ
လမင်းအိမ်ပြန်နောက်ကျတဲ့နေ.
စိတ်ကူးတွေ ရေဆန်ပြန်တဲ့နေ.
ဘယ်လိုသမိုင်းကမှလိုက်မမှီတဲ့နေ.
အဲဒီလို တစ်နေ.မှာ
တို.တွေ တကယ် ဝေးခဲ့ကြပြီ .............. ။ ။
လင်းသု

၂၀၀၄ လောက်က ကြည့်ခဲ့ဖူးတဲ့ ကိုရီးယားဇတ်လမ်းတွဲ Summer Scent ကိုခံစားရေးဖွဲ.ပါသည် ။
Summer Scent (여름향기)
Song Seung Hun as Yoo Min Woo
Son Ye Jin as Shim Hye Won
Ryu Jin as Park Jung Jae
Han Ji Hye as Park Jung Ah
ဇတ်လမ်းရဲ့ အဖွဲ.ကိုတော့ ဘယ်လိုမှမမှီနိုင်ပါ :)))



Thursday, October 15, 2009

တွေဝေလိပ်ပြာ


ရင်ထဲဖြစ်လာ ၊ ဝေဒနာကို
မြင်တာသိနိုး ၊ မျှော်လင့်တိုးလျက်
လက်ချိုးတွက်ရေ ၊ ပင့်သက်ရှည်ချ
လွမ်း နေ. ည များ။ ။
နေနော်

ထပ်တူခံစားမိတဲ့ ကဗျာလေးပါ ၊ ဆရာ နေနော် ရဲ့ လုံးချင်းဝတ္တု တစ်ပုဒ်ထဲကပါ ၊ ၀တ္တု နာမည်က သိပ်မမှတ်မိတော့ပါ ၊ ကာရန်ပျက်ကဗျာ လို.တော့ထင်ပါတယ် :)

Tuesday, October 13, 2009

........

မျက်ဝန်းတွေ အေးဆက်ဆက်နဲ.
ပရိတ်သတ်မနှစ်သက် တဲ့ ဆက်တင်တစ်ခုလို
အသေအချာ လွဲခဲ့ပြီ
အော်သံရဲ့ အဆုံးမှာ
သေနေခဲ့ပြီလား



စေ့ထားတဲ့ တံခါးများ
အော်သံရဲ့ အဆုံးမှာ
သေနေခဲ့ပေါ့

လင်းသု

Monday, October 12, 2009

ငို


မျက်ဝန်းထဲမှာ ပုန်းခိုမနေနဲ.တော့
ရွာသွန်းလိုက်ပါကွယ် ...........
ဘယ်လောက်ပဲ ကြေကွဲနေပါစေ
ကျွန်တော့ရဲ့ကွက်လပ်တွေ
ပြည့်လာမှာ မဟုတ်တော့ဘူးလား
ရင်နဲ.ပြောတဲ့ စကားတွေဆိုတာ
နှလုံးသားက အသိခဲ့ဆုံးပေါ့
အလွမ်း .......
မဖွဲ. လိုက်ပါနဲ.ဦး
တော်ကြာ .....
ကျွန်တော့ အိပ်မက်လေးကျကွဲ သွားမှာစိုးလို.
တစ်ချိန်ချိန်မှာတော့
အလင်းနေ.ဆိုတာ ရောက်လာဦးမှာပါ
ခုလောလောဆယ်တော့
မျက်ဝန်းထဲမှာ ခိုမနေနဲ.တော့
ရွာသာရွာလိုက်ပါတော့ကွယ် ...........။ ။
လင်းသု
၁၂.၁၀.၀၉

ပြာရဲ.ကဗျာ

မျက်ရည်ဆိုတာ
စားသုံးနေကျ သစ်သီးတစ်လုံး
ဇာတ်ပေါင်းခန်းမပါ အိပ်မက်တဲ့
အမှတ်မရှိ အထပ်ထပ်မက်မိ
ဒဏ်ရာတစ်ခုရဲ.ပြယုဂ်ဟာ
နေ၀င်ချိန်တွေဖြစ်မယ်ဆို
ချစ်သူရေ
တစ်ဆိတ်လောက်နားလည်ပေးပါ
နှုတ်ခမ်းတစ်ပွင့်ရဲ.နှုတ်ဆိတ်မှုအောက်
ငိုနေတဲ့စကားလုံးများ
ရှာဖွေဆဲ
အသိတရားရှိရှိခံစားခဲ.
မျက်ရည်စိုနေ.စွဲများ
ချစ်သူရေ
လှပစွာကြွေနေဆဲ
ချစ်သူ
တောက်ပတယ်ဆိုတာ
ကိုယ်တိုင်လောင်ကျွမ်းဘူးမှ ။ ။
လင်းသု


၂၀၀၀ ခုနှစ်ဇွန်လ သရဖူ မဂ္ဂဇင်း အမှတ် ၃၂ သံယောဇဉ်ရပ်ဝန်း မှာဖော်ပြခံရတဲ့ ကျွန်တော့ရဲ. ကဗျာလေးပါ
ပြန်လည်မျှဝေလိုက်ပါတယ်

Sunday, October 11, 2009

ကျွန်တော်နှင့် ပန်းနုရောင်တိမ်စိုင်များ

ကျွန်တော်ဒီနေရာမှာရောက်နေတာ အချိန် အတော်ကြာပေါ့ ။ နေရာက ရပ်ကွက်ထိပ်က ကလေးကစားကွင်းလေးတစ်ခုပါ ၊ စိမ်းစိုတဲ့ မြက်ကွင်းပြင်ကျယ်တစ်ခုလည်းရှိတယ် ဒီလောက်ပါပဲ ။
မြက်ခင်းပေါ်မှာ ခြေပစ်လက်ပစ်ထိုင်နေမိတာပါ ၊ကောင်းကင်တစ်ခု လုံး ပန်းနုရောင်သန်းနေ၏ ။
လေပြေတစ်ချက်အဝှေ.မှာ ကလေးငယ်တွေရဲ့ အော်ဟစ်ကစားသံ သဲ့သဲ့ က ပျံ.လွင့်လာ၏ ။
သူတို.အရွယ်လေးတွေပဲကောင်း၏ ။ စိုင်းထီးဆိုင်သီချင်းက အလိုလိုခေါင်းထဲရောက်လာ၏ ။
သြော် အပူအပင်ကင်းတဲ့ ကလေးဘ၀တဲ့ ၊

လင်းသု


Saturday, October 10, 2009

အိပ်မက်

အိပ်မက်တစ်ခုလုံး
ကြည်နူးလိုက်တာ

ငါ့ကို မတားပါနဲ.
နားခိုစရာဆိုတာ မရှိလို.
ရင်နဲ.ရင်းပြီးမက်ခဲ့တာပါ ..

မသွန်းဖြိုးလိုက်ပါနဲ.ဦး
ငါ့အိပ်မက်လေး မိုး စိုမှာစိုးလို.

တစ်ခါတစ်ခါကျ
အဓိပ္ပါယ် ကို က ရည်ညွန်းစရာမရှိအောင် ပီပြင်လွန်း

တကယ်ပါ
ငါ မျက်နှာ မသစ်ချင်တဲ့ နေ.ဆိုတာ
မင်းအကြာင်းအိပ်မက်တဲ့ နေ.တွေပေါ့ ...........။ ။
လင်းသု

လမ်းတစ်လျှောက်မှာ






















လမ်းတစ်လျှောက်မှာ ပန်းတွေပွင့်ခဲ့
ရနံလေးတစ်ခုလောက်တော့ ဆာလောင်ခွင့်ပေးပါ
မျက်ဝန်းဘာသာစကားနဲ့ရင်ခုန်ချင်လို.

လမ်းတစ်လျှောက်မှာ ရေတံခွန်တွေ စီးနေခဲ့
ကျောက်စက်ရေလိုတစ်စက်ချင်းကျမဲ့မေတ္တာမျိုး
ရူးရူးမိုက်မိုက်ရင်ခုန်ခဲ့

လမ်းတစ်လျှောက်မှာ နှင်းတွေလွင့်နေခဲ့
ေ၀၀ါးပါတယ်ဆိုမှ ဘယ်မှာမြင်ရလိမ့်မလဲ
လမ်းတစ်လျှောက်မှာ အလွမ်းတွေချည်းအပြည့်

ပန်းတွေပွင်ခဲ့တယ်
ရေတံခွန်တွေ စီးခဲ့တယ်
နှင်းတွေလွင့်ခဲ့တယ်
အလွမ်းတွေလွင့်ခဲ့တယ်
လမ်း တစ်လျှောက်မှာလေ
ဒီလိုနဲ.ပဲ
စိတ်ကို ကိုယ့်အိပ်ကပ်ထဲကိုယ်ပြန်ထည့်ခဲ့ရပေါ့............။ ။
လင်းသု

Friday, October 9, 2009

ချစ်သူသိစေ


ဘယ်နှစ်ခါမေးမေး
ရင်ဘတ်က ဒီတစ်ယောက်ပဲလို.ပြန်ဖြေတယ်
နေ၀င်ချိန်တွေ စောလွန်းတယ်
အမှာင်တွေက ကျွန်တော့အတွက်တော့
အထီးကျန်ဆန်ဆန် လှခဲ့တာပေါ့
ဘ၀ဟာ ပင်လယ်လိုပါပဲတဲ့
ကမ်းခြေမရှိသူအတွက်တော့
အရာအားလုံးဟာ ပင်လယ်ချည်းပါပဲ
တကယ်ပါ ချစ်သူ
နွေးထွေးတဲ့အိမ်အပြန်
လူတိုင်းတောင့်တတာပေါ့ကွယ်
နှစ်တွေလတွေလား ကြာစမ်းပစေ
ဒီရင်ခုန်သံ ပြောင်းမသွားပါဘူး
ချစ်သူပျော်မယ်ဆို ကျေနပ်ပါတယ်
မနက်ခင်းတွေကိုအပြစ်မတင်တော့ဘူး
လိုနေတာကတစ်ခုထဲပါ
ဘယ်နေရာဘယ်ရောက်ရောက်
အနမ်းနဲ.ယက်လုပ်တဲ့နေပူစာလေး
ခိုလှုံ ချင်တယ် …………….. ။ ။
လင်းသု

Saturday, October 3, 2009

အိမ်လွမ်းချင်း

ဖေရယ်မေရယ်ညီမလေးရယ်
နေရာဒေသတွေတူညီဖို.အရေး

ခုထိ
ရင်ခုန်သံကိုချည်း
အိပ်မက်ထဲ ပြန်ပြန်ထည့်နေရတုန်း

လွမ်းတဲ့ အခါ
ထုတ်ကြည့်မိတဲ့ ဓါတ်ပုံလေး
အရင်လိုပဲ ပြန်သိမ်းလိုက်တော့တယ်

နေရာဒေသက အဓိက မကျပါဘူး မေနဲ.ဖေရယ်
ရင်ခုန်သံတွေထပ်တူကျရင်ပဲ
သား
အလွမ်းပြေပါပြီ ...... ။ ။
လင်းသု

Friday, October 2, 2009

အလွမ်း

မဆုံးတော့ဘူးလား
တစ်မျှော်တစ်ခေါ် အလွမ်းတွေ
ရေပြင်ကျယ်အိပ်မက်ပေါ် ရှပ်တိုက်သွား
ငါ့ နှလုံးသားဟာ ခြစားခဲ့ပေါ့ ....................။ ။
လင်းသု




Friday, September 25, 2009

သတိရမိတဲ့ ညနေခင်း


ဝတ်မှုံလေးပဲဖြစ်ဖြစ် ..
ဖြစ်ခွင့်ရချင်လိုက်တာ
သူ. အနားမှာ နေခွင့်ရမယ်ဆိုရင်ပေါ့

ငါပြန်မယ့်လမ်း
ပန်းချီကားတစ်ချပ်ရဲ့ ညနေလို
လင်းလင်းလက်လက်လှချင်နေခဲ့ .........

အမှောင်တွေ မုန်းတယ်
တကယ်လို.များ
မဆုံဖြစ်ကြရင်လည်း
ဝတ်မှုံလေးလို တွယ်ကပ်ပြီး
ချစ်ရသူ အိမ်အပြန်
တိတ်တိတ်လေးလိုက်ခဲ့ချင်တာ ...........။ ။
လင်းသု



Thursday, September 24, 2009

ပင်လယ်ရဲ.တေး



ရနံ.တွေတဖျပ်ဖျပ်ထနေတဲ့ပင်လယ်
ငြိမ်လှချည်လား

ဆေးမဆိုးရသေး
မျက်ကွင်းဟောက်ပက်အိပ်မက်တွေ
ဆောင်းရဲ.အပေါ်ယံကို ခုတုံးလုပ်
မွေးဖွားခြင်း၊သေဆုံးခြင်း
သူ.အလိုအတိုင်းပေါ့

သီချင်းတွေဘယ်လောက်များဆိုခဲ့ကြသလဲ
ကမ်းစပ်ရဲ. နရီထဲ
ရာသီတွေအသက်ရှူရပ်လို.
အ မေ့ တ မော ............................။ ။
လင်းသု

၁၇.၀၁.၂၀၀၉ နေ. East Coast Park အမှတ်တရ ................

လွင့်နေသောအိပ်မက်



မနေ.တစ်နေ.ကလို ရှိနေဆဲပါ
ရင်ခုန်သံလား
ဘာမှမကျန်တော့အောင် လွမ်းခဲ့ပြီးပြီ

မနေ.တစ်နေ.ကလို ရှိနေဆဲပါ
ချစ်ခဲ့ခြင်းလား
ဘာမှမသိအောင်ကို ရူးသွပ်ခဲ့မိပြီ

မနေ.တစ်နေ.ကလို ရှိနေဆဲပါ
ပေးဆပ်ခြင်းလား
ဘယ်သူမှမသိအောင် မျိုသိပ်ခဲ့မိပြီ

ဒဏ်ရာဟောင်းနဲ.
သက်ပြင်းမောချ ဗလာနတ္ထိ ငါ့ညတွေသာ
ရှည်လျားခဲ့ရပေါ့
သူမသိလဲ နေပါစေတော့ ..................။ ။