Wednesday, November 4, 2009

မျှော်သူ

လရာင်ကိုမျှော်တဲ့ စိတ်နဲ. ၊ ဘ၀ကိုရေလောင်းပေါင်းသင်ခဲ့တယ်
နောက်ဆုံးအချိန်ထိ ကူးခတ်ပါရစေ ၊ ကမ်းခြေမရှိတဲ့ ငါးတွေလိုတော့ မနေချင်ပါဘူး
ချစ်သူရေ ...
စာမေးပွဲကျတဲ့ စိတ်မျိုးနဲ. လွမ်းတယ်
စိတ်တိုင်းကျရေးထားတဲ့ သီချင်းတွေ ၊ ဆိုပါရစေ
တစ်နေကုန်တာတောင်ငါးတစ်ကောင်မှမရတဲ့ တံငါ ၊ အိမ်ပြန်တော့ခက်ပါပြီ
ဘ၀ကို မိတ္တူတစ်ထပ်ဆွဲပြီး ၊ မျှဝေလိုက်ချင်ရဲ့
လေနှင်ရာသွားခဲ့လား ၊ မုန်တိုင်းနဲ.တိုးခဲ့လား
တစ်ခုမှမကြုံချင်ပါဘူး ၊ မပြောပါနဲ.
ငါကြောက်တဲ့ အမှောင်တွေ ၊ မလာပါနဲ.ဦး
ရင်နဲ.ရေးတဲ့ကဗျာမှာ ၊ မုသားမပါဘူး ချစ်သူရယ်
တားမရတဲ့စိတ်ကို ၊ လွတ်လပ်ခွင့်ပေးပါ
ဒီရင်ဘတ်လေးထဲ ၊ နောင်နှစ်များစွာတိုင် .......။ ။
ကမ်းခြေမရှိတဲ့ ငါးတွေလိုတော့ မနေချင်ပါဘူး ...
စာမေးပွဲကျတဲ့ စိတ်မျိုးနဲ. လွမ်းတယ် ...
ဘ၀က သေသေချာချာကို လတ်ဆတ်ခဲ့သကိုး ... ။    ။
လင်းသု

No comments:

Post a Comment