Friday, November 27, 2009

တိတ်တခိုး

ဦးဦးဖျားဖျားပွင့်ခဲ့တဲ့ မီးခိုးတွေ
ဘယ်လိုမေ့ရမှာလဲ
ဒီရင်ကိုပဲလောင်စမ်းပါစေ
သူမသိပါစေနဲ.
မပြောရက်ခဲ့ပါဘူး ........

တိတ်တခိုးပါဆိုမှ
ဘယ်သူကသိပြီး
ဘယ်သူကကယ်နိုင်မှာလဲ ........

ဘာပဲဖြစ်ဖြစ်
သတိလေးတော့ရပေးပါ ချစ်သူရယ်
ယုံပါ
မင်းပန်ဖို.
ကိုယ်တစ်ခင်းလုံးစာ
ပွင့် ခဲ့ ပြီး ပြီ .....။ ။
လင်းသု

Saturday, November 14, 2009

လွမ်းချင်း

မနက်ခင်းတွေ.. သွေးပျက်
လက်ကျန်ကော်ဖီတွေ..အေးဆက်
မနေ.ညက ငါအိပ်ပျက်တယ်
လမင်းကိုမှပန်ချင်တဲ့တေလေ
ချစ်ချင်းနဲ.မျက်နှာသစ်ခွင့်မရခဲ့ဘူး
တိတိတ်လေးဝင်လာခဲ့တယ်
ဘာတဲ့
အလွမ်းဆိုလား
ကိုယ့်ဘာသာ ကို ချောင်ပိတ်မိခဲ့ရပေါ့ ။
လင်းသု

Sunday, November 8, 2009

စိတ်

ဒီအိပ်မက်တွေခြောက်ခမ်းသွားတဲ့အခါ ၊ ငါ ဒီကမ္ဘာမှာရှိနေနိုင်ပါ့ဦးမလား
အဲဒီလိုတွေးခေါ်ခဲ့လို.များ ၊ နေ.ရက်တွေစီရင်ခံခဲ့ရတာများလား
ဖြစ်နိုင်မယ်ဆို ၊ ငါ့အတောင်ချိုးလို.ပေးလိုက်ချင်ပါရဲ့
ချစ်သူရယ် ...
ငါ့ကိုယုံပါလို.ထပ်မပြောတော့ဘူး ၊ အချိန်တွေကသက်သေပြလိမ့်မယ်
နေမ၀င်တော့တဲ့မြို.ဆိုတာ ၊ ဟောဒီရင်ဘတ်ရှိတဲ့နေရာပေါ့ ..... ။ ။
လင်းသု

Wednesday, November 4, 2009

မျှော်သူ

လရာင်ကိုမျှော်တဲ့ စိတ်နဲ. ၊ ဘ၀ကိုရေလောင်းပေါင်းသင်ခဲ့တယ်
နောက်ဆုံးအချိန်ထိ ကူးခတ်ပါရစေ ၊ ကမ်းခြေမရှိတဲ့ ငါးတွေလိုတော့ မနေချင်ပါဘူး
ချစ်သူရေ ...
စာမေးပွဲကျတဲ့ စိတ်မျိုးနဲ. လွမ်းတယ်
စိတ်တိုင်းကျရေးထားတဲ့ သီချင်းတွေ ၊ ဆိုပါရစေ
တစ်နေကုန်တာတောင်ငါးတစ်ကောင်မှမရတဲ့ တံငါ ၊ အိမ်ပြန်တော့ခက်ပါပြီ
ဘ၀ကို မိတ္တူတစ်ထပ်ဆွဲပြီး ၊ မျှဝေလိုက်ချင်ရဲ့
လေနှင်ရာသွားခဲ့လား ၊ မုန်တိုင်းနဲ.တိုးခဲ့လား
တစ်ခုမှမကြုံချင်ပါဘူး ၊ မပြောပါနဲ.
ငါကြောက်တဲ့ အမှောင်တွေ ၊ မလာပါနဲ.ဦး
ရင်နဲ.ရေးတဲ့ကဗျာမှာ ၊ မုသားမပါဘူး ချစ်သူရယ်
တားမရတဲ့စိတ်ကို ၊ လွတ်လပ်ခွင့်ပေးပါ
ဒီရင်ဘတ်လေးထဲ ၊ နောင်နှစ်များစွာတိုင် .......။ ။
ကမ်းခြေမရှိတဲ့ ငါးတွေလိုတော့ မနေချင်ပါဘူး ...
စာမေးပွဲကျတဲ့ စိတ်မျိုးနဲ. လွမ်းတယ် ...
ဘ၀က သေသေချာချာကို လတ်ဆတ်ခဲ့သကိုး ... ။    ။
လင်းသု