Sunday, June 20, 2010

ဇာတ်လမ်း

အကောင်းစားသီချင်းတွေ စာအံချိန်မှာ
ငါ လဲကျနေခဲ့တယ် ။

ငိုနေတဲ့နှင်းရာသီရေ
ငါဟာ တုံးလုံးစင်းသေနေတဲ့ ကဗျာတစ်ပုဒ်ကွဲ.
အချစ်ကိုစိတ်ပျက်ရင်း
လွမ်းမိလွမ်းရာ ကမ်းလွန်လှေတွေဆိုက်ခဲ့
ရူးရူးနှမ်းနှမ်းနေ.တွေနဲ.
နိုးထမှုတွေမရေရာခဲ.ဘူး ။

ဆံရှည်လေးရေ .........
ငါရူးနှမ်းခဲ.ပါတယ်
စိတ်တွေသာအမြင့်ဆုံးပျံခဲ့ပေမယ့်
ချစ်သူကမ္ဘာက တစ်ဘက်စီ
အပေါစားအချစ်တစ်ခုတစ်လေတောင်
ရောက်မလာခဲ့ဘူး ။

ဘ၀က အိပ်မက်လို မရေမရာ
ငါမုန်းတဲ့ရက်စွဲတွေတစ်ရွက်ပြီးတစ်ရွက်
ရင်ဘတ်ထဲ ထိုးထည့်
အချစ်ဟာ စောင်တစ်ထည်လောက်တောင် မနွေးထွေးတော့

ဘယ်သူမှမမှားဘူး
ဆံရှည်လေးရေ
တိမ်တွေခရီးထွက်သလို ဝေးကွာနေပုံများ
အိမ်ပြန်လို.မရတဲ့ ရင်ဘတ်တစ်စုံနဲ.
ခံစားချက်က တော့
လတ်လတ်ဆတ်ဆတ်
တကယ်တော့
ဆံရှည်လေးရေ
အကောင်းစားသီချင်းတွေ အိမ်ပြန်ချိန်မှာလည်း
ငါလေ လဲကျခဲ့ပြန်တယ် ကွယ် ။ ။
လင်းသု
အမှတ်တရနေ.လေးတစ်နေ.သို.

Friday, April 2, 2010

ငါ
မယုံဘူး၊မယုံချင်ဘူး ......
နှစ်ခါပြန်အဆင်းခံရတဲ့မြစ်လေ
လေထဲမှာ လေ
ဖြေသိမ့်မလိုနဲ့ ဝေးခဲ့ရတာ
ငါ့ကိုယ်ငါတောင်မေ့လို.
အဖြူရောင်ဆန်လွန်းတဲ့မြစ်ကဗျာ
ငါ့ဖြစ်စဉ်တွေက ရောင်ဝါးလွန်း
နင်နိုင်ပါရဲ့
ဒါပေမယ့်နင်လဲရှံးခဲ့တယ်၊ငါလဲ

Sunday, March 21, 2010

အမှား .........









လွမ်းတဲ့ အခါ
ကောင်းကင်ပေါ် ခြေစုံပစ် ၀င် အိပ်ချင်လိုက် တာ
မေမေရယ်
သားကို ကောင်းကင်ကပြောတယ်
နင်ဟာ ကောင်းကင်နဲ. မထိုက်တန်တဲ့ကောင်တဲ့
အပေါစား ၀တ္ထု တစ်အုပ်လောက်တောင် အသုံး မကျပုံများ
မျက်နှာ ဖုံး မြင်တာ နဲ. စိတ်ပျက်လောက်တဲ့ ဆက်တင်
ကျွန်တော် လား အသေ အချာ လေ မှားခဲ့ တာ
ရောင်ခြောက်ဆယ် စိတ်ကူး
..............................
..............................
..............................
မှားပြန်ပေါ့ .......
မေမေ ရေ
လောကမှာ
အမှားအတွက် နောင်တရသူတွေထဲ
သား နောက်ဆုံးတန်းကနေ ပထမရခဲ့ ရပေါ့ ........... ။ ။
မီမို

Thursday, March 11, 2010

အိပ်မက်အသေနဲ.လူ






















ငါမသိတဲ့ဇတ်မှာ
ငါဟာ ဇတ်လိုက်ဖြစ်ခဲ့တယ်တဲ့
ဟား ဟား ဟား ................
ဘ၀ကို
ရေလောင်းပေါင်းသင်ဖို.မေ့ခဲ့သူလေ
သံယောဇဉ်ကပြန်သတ်ခဲ့တယ်
ငါချစ်တဲ့ နှင်းဆီရယ်
နင်လေ နင်
..........................................
ရူးရူးမိုက်မိုက်
အသည်းကိုလေလံဆွဲခဲ့တယ်
အောက်ဈေးတစ်ဝက်လျော့
သေပါရော့လား
ငါ့ညတွေသာ အထီးကျန်
အိပ်မက်အသေနဲ.လူ
အချစ်အမုန်း ဘာမှ မရှိတော့ဘူး
နိုးထခွင့်ဟာ ငါနဲ. မဆိုင်တော့
ငါသိလိုက်ပါပြီ
ဘ၀ ဟာ
အိပ်မက်ဆို မနိုးချင်တော့ပါဘူးကွယ် .......... ။ ။
လင်းသု

Sunday, January 24, 2010

လွမ်းတဲ့အကြောင်း

လွမ်းတယ်
ဘာနဲ.မှမတူအောင်ကိုလွမ်းတယ်
အစိုင်အခဲအဖြစ် မွန်းကြပ်ခဲ့ရတဲ့နေ.တွေကုန်ပါရစေ
ရယူခြင်းအတွက်ပေးဆပ်တယ်ဆိုတာထက်
ပေးဆပ်ဖို.သက်သက်ပဲ ပေးဆပ်ခဲ့ပါတယ်
ဘယ်လိုပဲဖြစ်နေပါစေ
ယုံပါ ...........

အလွမ်းဆိုတာ ဆွေမျိုးပေါက်ဖော်လို မိတ်ဖွဲ.ခံနေရတော့
အချစ်ဆိုတာဟာကိုယ်နဲ.ဘာမှမဆိုင်တော့သလိုပါပဲ

ချစ်ရတဲ့သူရယ်
ငါ့အမှောင်တွေ ပြန်လင်းမယ့်နေ.ဆိုတာ
ကြယ်တွေပျံလာမယ့်နေ.ဆီ
မျှော်မိတဲ့ ကလေးတစ်ယောက်လို

ကိုယ့်ဘာသာဗေဒနဲ.ပဲ ရေးခဲ့တဲ့ဇာတ်လမ်း
စင်တင်ပြလို.မရတော့ဘူး
ရေငုံနှုတ်ပိတ်
ကိုယ့်ဘာသာကို ကြိတ်ငိုပေရော့ ...... ။ ။
မီမို

Wednesday, January 13, 2010

အလွမ်းများအကြောင်း

ကဗျာတွေလာဖတ်တဲ့ သူငယ်ချင်းတွေ အားလုံး ကျေးဇူးအထူးတင်ရှိပါတယ် ။
ရင်ခုန်သံကို ကဗျာ အဖြစ်ပြောင်းလဲ တဲ့ အတွက် တစ်ချို. အကြောင်းအရာများဟာ တစ်မျိုးဖြစ်နေပါလိမ့်မယ် ။ ခွင့်လွှတ်နားလည်ပေးနိုင်လိမ့်မယ် ဟု မျှော်လင့်ပါတယ် ။တကယ်တော့ ကျွန်တော် ကဗျာ ဆရာ မဟုတ်ပါ ။ ကဗျာ ဟုထင်ရသော ရင်တွင်းဖွဲ. စာစုလေးများအား စုစု စည်းစည်တင်ပြခြင်းပါ ။ သူငယ်ချင်းတွေ အလွမ်းများလက်မှ ရုန်းထွက်နိုင်ပါစေ။
လင်းသု




Sunday, January 10, 2010

ရနံ.ပျက်သွားတဲ့ကာရန်

မျှော်လင့်ခြင်းအပုပ်အသိုးတွေ
ဘာမှသုံးမရတဲ့ ပုလင်းအဖုန်းတွေလို
တန်ဖိုးမဲ့ခဲ့ရပေါ့ ...
သုည ဟာနောက်ဆုံးတော့ သုညပဲဖြစ်ပါတယ်တဲ့
ရှင်းပါတယ်နော်
ထားလိုက်ပါတော့
ချစ်ရသူပျော်မယ်ဆိုကျေနပ်ပါရဲ.
ဘယ်သူ ကအရေးလုပ်မှာလဲ
ရှင်းပါတယ်နော်
သုည ဟာနောက်ဆုံးတော့ သုညပဲဖြစ်ပါတယ်တဲ့
အဲဒီကောင်ရူးတာတောင်နည်းသေးတဲ့
ပြောကြပါစေလေ
ငါ က ဗလာနတ္ထိစိတ်နဲ.
ကောင်းကင်ကို မှဝယ်ပေးချင်ခဲ့တာကိုး
ဘာမှမရှိသူအတွက်ဘာမှမရှိတာပဲ တရားပါတယ်
ဘ၀ရဲ့ စိမ်းရောင်စိုနေ.တွေဆိုတာ တစ်ခါမှမရခဲ့လို.
တကယ် တမ်းတခဲ့မိပါတယ် ...
ချစ်သူရယ် ...
ဒီတစ်ခါ အရှုံးကို ဘာနဲ.မှမလဲတော့ဘူး
စိတ်မကောင်းတော့မဖြစ်လိုက်ပါနဲ.ချစ်သူရယ်
ငါ ဟာ နငိ့အတွက်ဘာမှအရာမ၀င်တဲ့ ခပ်မွဲမွဲ တိမ်တစ်စရယ်ပါ
လေပြေညင်းတွေရဲ့ အကြည့်လေးတောင်ခံခွင့်မရှိခဲ့သူပါ
ဘယ်လို ဘယ်လို
ခေတ်အဆက်ဆက်တွေမှာ ချစ်သူကို သူရဲကောင်းတွေချစ်ခဲ့ကြလဲ
ငါက သူရဲကောင်းတော့မဟုတ်ခဲ့ပါဘူး
ဘယ်လိုမေ့ရမှာလဲ
ဒါဟာ ပြဇတ်တစ်ပုဒ်မဟုတ်ခဲ့ပါဘူးကွယ်
ငါဟာရနံနဲ.တင် မူးမိုက်ခဲ့ရတဲ့ ပျားလေးတစ်ကောင်ပါကွယ်
သူ.ဆံနွယ်တွေ လေဝှေ.ရင်တောင်
စိတ်တစ်ခုလုံးပြုတ်ကျခဲ့ရသူပါ
တကယ်ပါ .......
ပင်လယ်တွေ ဘယ်လိုစီးစီး
ငါရဲ.စီးဆင်းမှုတွေကို သူတို.လိုက်မမှီနိုင်ပါဘူးကွယ်
ငါမငိုချင်ပါဘူး
ဒါပေမယ့်ငိုမိတယ်
သုည ဟာနောက်ဆုံးတော့ သုညပဲဖြစ်ပါတယ်တဲ့
ရှင်းပါတယ်နော်
တကယ်လို.များ
ချစ်ရသူ ခွင့်ပြုမယ်ဆို
ဟော ဒီရင်ခွင်တံခါး
ထာဝရ ဖွင့်ထားလျက်ပါ ....။။
လင်းသု

၁၀.၀၁.၂၀၁၀ အမှတ်တရရေးသည် ။