Sunday, January 24, 2010

လွမ်းတဲ့အကြောင်း

လွမ်းတယ်
ဘာနဲ.မှမတူအောင်ကိုလွမ်းတယ်
အစိုင်အခဲအဖြစ် မွန်းကြပ်ခဲ့ရတဲ့နေ.တွေကုန်ပါရစေ
ရယူခြင်းအတွက်ပေးဆပ်တယ်ဆိုတာထက်
ပေးဆပ်ဖို.သက်သက်ပဲ ပေးဆပ်ခဲ့ပါတယ်
ဘယ်လိုပဲဖြစ်နေပါစေ
ယုံပါ ...........

အလွမ်းဆိုတာ ဆွေမျိုးပေါက်ဖော်လို မိတ်ဖွဲ.ခံနေရတော့
အချစ်ဆိုတာဟာကိုယ်နဲ.ဘာမှမဆိုင်တော့သလိုပါပဲ

ချစ်ရတဲ့သူရယ်
ငါ့အမှောင်တွေ ပြန်လင်းမယ့်နေ.ဆိုတာ
ကြယ်တွေပျံလာမယ့်နေ.ဆီ
မျှော်မိတဲ့ ကလေးတစ်ယောက်လို

ကိုယ့်ဘာသာဗေဒနဲ.ပဲ ရေးခဲ့တဲ့ဇာတ်လမ်း
စင်တင်ပြလို.မရတော့ဘူး
ရေငုံနှုတ်ပိတ်
ကိုယ့်ဘာသာကို ကြိတ်ငိုပေရော့ ...... ။ ။
မီမို

No comments:

Post a Comment