Sunday, January 10, 2010

ရနံ.ပျက်သွားတဲ့ကာရန်

မျှော်လင့်ခြင်းအပုပ်အသိုးတွေ
ဘာမှသုံးမရတဲ့ ပုလင်းအဖုန်းတွေလို
တန်ဖိုးမဲ့ခဲ့ရပေါ့ ...
သုည ဟာနောက်ဆုံးတော့ သုညပဲဖြစ်ပါတယ်တဲ့
ရှင်းပါတယ်နော်
ထားလိုက်ပါတော့
ချစ်ရသူပျော်မယ်ဆိုကျေနပ်ပါရဲ.
ဘယ်သူ ကအရေးလုပ်မှာလဲ
ရှင်းပါတယ်နော်
သုည ဟာနောက်ဆုံးတော့ သုညပဲဖြစ်ပါတယ်တဲ့
အဲဒီကောင်ရူးတာတောင်နည်းသေးတဲ့
ပြောကြပါစေလေ
ငါ က ဗလာနတ္ထိစိတ်နဲ.
ကောင်းကင်ကို မှဝယ်ပေးချင်ခဲ့တာကိုး
ဘာမှမရှိသူအတွက်ဘာမှမရှိတာပဲ တရားပါတယ်
ဘ၀ရဲ့ စိမ်းရောင်စိုနေ.တွေဆိုတာ တစ်ခါမှမရခဲ့လို.
တကယ် တမ်းတခဲ့မိပါတယ် ...
ချစ်သူရယ် ...
ဒီတစ်ခါ အရှုံးကို ဘာနဲ.မှမလဲတော့ဘူး
စိတ်မကောင်းတော့မဖြစ်လိုက်ပါနဲ.ချစ်သူရယ်
ငါ ဟာ နငိ့အတွက်ဘာမှအရာမ၀င်တဲ့ ခပ်မွဲမွဲ တိမ်တစ်စရယ်ပါ
လေပြေညင်းတွေရဲ့ အကြည့်လေးတောင်ခံခွင့်မရှိခဲ့သူပါ
ဘယ်လို ဘယ်လို
ခေတ်အဆက်ဆက်တွေမှာ ချစ်သူကို သူရဲကောင်းတွေချစ်ခဲ့ကြလဲ
ငါက သူရဲကောင်းတော့မဟုတ်ခဲ့ပါဘူး
ဘယ်လိုမေ့ရမှာလဲ
ဒါဟာ ပြဇတ်တစ်ပုဒ်မဟုတ်ခဲ့ပါဘူးကွယ်
ငါဟာရနံနဲ.တင် မူးမိုက်ခဲ့ရတဲ့ ပျားလေးတစ်ကောင်ပါကွယ်
သူ.ဆံနွယ်တွေ လေဝှေ.ရင်တောင်
စိတ်တစ်ခုလုံးပြုတ်ကျခဲ့ရသူပါ
တကယ်ပါ .......
ပင်လယ်တွေ ဘယ်လိုစီးစီး
ငါရဲ.စီးဆင်းမှုတွေကို သူတို.လိုက်မမှီနိုင်ပါဘူးကွယ်
ငါမငိုချင်ပါဘူး
ဒါပေမယ့်ငိုမိတယ်
သုည ဟာနောက်ဆုံးတော့ သုညပဲဖြစ်ပါတယ်တဲ့
ရှင်းပါတယ်နော်
တကယ်လို.များ
ချစ်ရသူ ခွင့်ပြုမယ်ဆို
ဟော ဒီရင်ခွင်တံခါး
ထာဝရ ဖွင့်ထားလျက်ပါ ....။။
လင်းသု

၁၀.၀၁.၂၀၁၀ အမှတ်တရရေးသည် ။

No comments:

Post a Comment