Friday, November 27, 2009

တိတ်တခိုး

ဦးဦးဖျားဖျားပွင့်ခဲ့တဲ့ မီးခိုးတွေ
ဘယ်လိုမေ့ရမှာလဲ
ဒီရင်ကိုပဲလောင်စမ်းပါစေ
သူမသိပါစေနဲ.
မပြောရက်ခဲ့ပါဘူး ........

တိတ်တခိုးပါဆိုမှ
ဘယ်သူကသိပြီး
ဘယ်သူကကယ်နိုင်မှာလဲ ........

ဘာပဲဖြစ်ဖြစ်
သတိလေးတော့ရပေးပါ ချစ်သူရယ်
ယုံပါ
မင်းပန်ဖို.
ကိုယ်တစ်ခင်းလုံးစာ
ပွင့် ခဲ့ ပြီး ပြီ .....။ ။
လင်းသု

No comments:

Post a Comment