Tuesday, October 20, 2009

လွမ်း







မျက်ဝန်းနဲ.ပြောတဲ့စကားတွေ အပြည့်
ဘ၀ရဲ့ရှုမျှော်ခင်းတွေမှာ
ပန်းနုရောင်ဆေးတစ်စက်လောက်
တမ်းတခဲ့ပါတယ်
မျှော်လင့်ခဲ့ပါတယ်
အရူးအမူးပေါ့

ကိုယ့်ဆန္ဒကိုပြန်မျိုချခဲ့ရတဲ့နေ.တွေ
ဘာသာပြန်ဖို.ကြိုးစားခဲ့တဲ့နေ.တွေ
ဆွံ.အသွားတဲ့ ညနေခင်းတွေ
ဘယ်လောက်များ များခဲ့ပြီလဲ
တမ်းတခဲ့ပါတယ်
မျှော်လင့်ခဲ့ပါတယ်
အရူးအမူးပေါ့

မိုးတိမ်တွေလိုတော့ ထွက်မသွားလိုက်ပါနဲ.
တစ်ချိန်ချိန်မှာပေါ့
ဘ၀ရဲ့ရှုမျှော်ခင်းတွေမှာ
ပန်းနုရောင်ဆေးတစ်စက်လောက်
နမ်းရှိုက်ခွင့်ရချင်ပါသေးတယ်
ချစ်သူရယ် .............. ။ ။
လင်းသု

1 comment:

  1. ပုံလေးနဲ့ကဗျာလေးနဲ့ လိုက်ဖက်တယ်.. လွမ်းစရာလေးပဲ...

    ReplyDelete