Friday, October 9, 2009

ချစ်သူသိစေ


ဘယ်နှစ်ခါမေးမေး
ရင်ဘတ်က ဒီတစ်ယောက်ပဲလို.ပြန်ဖြေတယ်
နေ၀င်ချိန်တွေ စောလွန်းတယ်
အမှာင်တွေက ကျွန်တော့အတွက်တော့
အထီးကျန်ဆန်ဆန် လှခဲ့တာပေါ့
ဘ၀ဟာ ပင်လယ်လိုပါပဲတဲ့
ကမ်းခြေမရှိသူအတွက်တော့
အရာအားလုံးဟာ ပင်လယ်ချည်းပါပဲ
တကယ်ပါ ချစ်သူ
နွေးထွေးတဲ့အိမ်အပြန်
လူတိုင်းတောင့်တတာပေါ့ကွယ်
နှစ်တွေလတွေလား ကြာစမ်းပစေ
ဒီရင်ခုန်သံ ပြောင်းမသွားပါဘူး
ချစ်သူပျော်မယ်ဆို ကျေနပ်ပါတယ်
မနက်ခင်းတွေကိုအပြစ်မတင်တော့ဘူး
လိုနေတာကတစ်ခုထဲပါ
ဘယ်နေရာဘယ်ရောက်ရောက်
အနမ်းနဲ.ယက်လုပ်တဲ့နေပူစာလေး
ခိုလှုံ ချင်တယ် …………….. ။ ။
လင်းသု

No comments:

Post a Comment