Monday, October 12, 2009

ပြာရဲ.ကဗျာ

မျက်ရည်ဆိုတာ
စားသုံးနေကျ သစ်သီးတစ်လုံး
ဇာတ်ပေါင်းခန်းမပါ အိပ်မက်တဲ့
အမှတ်မရှိ အထပ်ထပ်မက်မိ
ဒဏ်ရာတစ်ခုရဲ.ပြယုဂ်ဟာ
နေ၀င်ချိန်တွေဖြစ်မယ်ဆို
ချစ်သူရေ
တစ်ဆိတ်လောက်နားလည်ပေးပါ
နှုတ်ခမ်းတစ်ပွင့်ရဲ.နှုတ်ဆိတ်မှုအောက်
ငိုနေတဲ့စကားလုံးများ
ရှာဖွေဆဲ
အသိတရားရှိရှိခံစားခဲ.
မျက်ရည်စိုနေ.စွဲများ
ချစ်သူရေ
လှပစွာကြွေနေဆဲ
ချစ်သူ
တောက်ပတယ်ဆိုတာ
ကိုယ်တိုင်လောင်ကျွမ်းဘူးမှ ။ ။
လင်းသု


၂၀၀၀ ခုနှစ်ဇွန်လ သရဖူ မဂ္ဂဇင်း အမှတ် ၃၂ သံယောဇဉ်ရပ်ဝန်း မှာဖော်ပြခံရတဲ့ ကျွန်တော့ရဲ. ကဗျာလေးပါ
ပြန်လည်မျှဝေလိုက်ပါတယ်

2 comments:

  1. Nice pics, but what font / language you're using, i can't see any word here

    ReplyDelete