Friday, October 16, 2009

နှင်းဆီကြွေတဲ့အိပ်မက်



လမင်းအိမ်ပြန်နောက်ကျတဲ့နေ.
စိတ်ကူးတွေ ရေဆန်ပြန်တဲ့နေ.
ဘယ်လို သမိုင်းကမှ လိုက်မမှီတဲ့နေ.
ဒီလိုတစ်နေ.မှာ တို.တွေ ဝေး ခဲ့ကြပြီ

ရင်တစ်ချက်ခုန်လိုက်တိုင်း
နှင်းဆီတွေ အဆုပ်လိုက်ပွင့်တယ်
ငါ ဘယ်လိုများယုံကြည်ခဲ့ပါသလဲ
ချစ်သူသိစေချင်လိုက်တာ
ပြန်မလာတော့ဘူးတဲ့

ကံကြမ္မာတဲ့
တို.နှစ်ယောက်ခြား ခွဲရက်လိုက်တာ
ရနံမရှိတဲ့ ပင်လယ်တွေ ရင်မှာ အခါတစ်ရာမကစီးလို.
လွမ်းလွမ်းမောမော

ခုတော့
ချစ်သူနင်းခဲ့တဲ့လမ်း
ချစ်သူနမ်းခဲ့တဲ့ပန်း
အားလုံး အားလုံး ဟာ
သူတို.မဟုတ်ခဲ့သလို ..
ကိုယ်ပြောခဲ့သလို
တစ်နေ.နေ.မှာ
ချစ်သူရှိခဲ့ဖူးတဲ့နေရာလေး
အသေအချာ ပြန်လာခဲ့ပါတယ်

ရင်မှာ
နှင်းဆီရနံ.တွေကတော့ မွှေးမြနေဆဲပါ
တစ်ခါးပေါက်ရဲ့တစ်ဖက်မှာပေါ့
ချစ်သူ. အိပ်မက်တွေ လှပပါစေ မွှေးပါစေ ငြိမ်းချမ်းပါစေ
လမင်းအိမ်ပြန်နောက်ကျတဲ့နေ.
စိတ်ကူးတွေ ရေဆန်ပြန်တဲ့နေ.
ဘယ်လိုသမိုင်းကမှလိုက်မမှီတဲ့နေ.
အဲဒီလို တစ်နေ.မှာ
တို.တွေ တကယ် ဝေးခဲ့ကြပြီ .............. ။ ။
လင်းသု

၂၀၀၄ လောက်က ကြည့်ခဲ့ဖူးတဲ့ ကိုရီးယားဇတ်လမ်းတွဲ Summer Scent ကိုခံစားရေးဖွဲ.ပါသည် ။
Summer Scent (여름향기)
Song Seung Hun as Yoo Min Woo
Son Ye Jin as Shim Hye Won
Ryu Jin as Park Jung Jae
Han Ji Hye as Park Jung Ah
ဇတ်လမ်းရဲ့ အဖွဲ.ကိုတော့ ဘယ်လိုမှမမှီနိုင်ပါ :)))



1 comment:

  1. လမင်းအိမ်ပြန်နောက်ကျတဲ့နေ.
    စိတ်ကူးတွေ ရေဆန်ပြန်တဲ့နေ.
    ဘယ်လို သမိုင်းကမှ လိုက်မမှီတဲ့နေ.
    ဒီလိုတစ်နေ.မှာ တို.တွေ ဝေး ခဲ့ကြပြီ


    အဲ့ဒါလေး အရမ်းကြိုက်တယ်... မှတ်ထားလိုက်ပြီ...
    ကြုံရင် ခိုးကူးမယ်... အဲလေ... ဟီး မှီငြမ်းမယ်... ပြောပါတယ်... :)

    ReplyDelete