Thursday, September 24, 2009

လွင့်နေသောအိပ်မက်



မနေ.တစ်နေ.ကလို ရှိနေဆဲပါ
ရင်ခုန်သံလား
ဘာမှမကျန်တော့အောင် လွမ်းခဲ့ပြီးပြီ

မနေ.တစ်နေ.ကလို ရှိနေဆဲပါ
ချစ်ခဲ့ခြင်းလား
ဘာမှမသိအောင်ကို ရူးသွပ်ခဲ့မိပြီ

မနေ.တစ်နေ.ကလို ရှိနေဆဲပါ
ပေးဆပ်ခြင်းလား
ဘယ်သူမှမသိအောင် မျိုသိပ်ခဲ့မိပြီ

ဒဏ်ရာဟောင်းနဲ.
သက်ပြင်းမောချ ဗလာနတ္ထိ ငါ့ညတွေသာ
ရှည်လျားခဲ့ရပေါ့
သူမသိလဲ နေပါစေတော့ ..................။ ။

No comments:

Post a Comment