Thursday, September 17, 2009

ချစ်သူသိစေ



ကမ္ဘာဦးကမိုးရေစက်တွေလို
တစ်ခမ်းတစ်နားနဲ.
ငါ့ဘ၀တစ်ခုလုံး ၀ရုန်းသုန်းကားထိမှန်ခဲ့
နောက်ကျခြင်းအကြည့်တွေထဲ
ဆိုင်ရာပိုင်ရာအတွေးတွေ
ခြေပစ်လက်ပစ်ပြုတ်ကျရင်း
လမ်းတွေကောက်ကောက်သွားတာကြာလှပြီ
သုညရဲ့ကမ္ဘာလေးထဲ
လက်တစ်ဖက်စာနွေးထွေးမှုနဲ.
အကြည့်ချက်ပေါင်းများစွာတွန်းလှန်ခဲ့ ရင်ဆိုင်ခဲ့
တကယ်တော့လည်း
ပြီးဆုံးသွားတာကြာလှပေါ့
အဝေးရောက်ပြီးမှအိမ်ပြန်ခက်သူတွေလေ
ရင်ထဲ သတိရဆဲပေါ့
ထွက်သွားရင်လည်းမထူးပါဘူးချစ်သူရယ်
ကြင်နာခြင်းမရှိလို.မရှင်သန်ရတာ
ဝမ်းနည်းနေလည်းဘာတတ်နိုင်မှာလဲ
ငိုကြွေးခြင်းကိုတောင်မှ အစားမထိုးနိုင်ရင်
အစားထိုးပေးဆပ်ခြင်းတွေအကြောင်းလည်းမပြာတော့ဘူးကွယ်...........။ ။

No comments:

Post a Comment