Friday, September 11, 2009

လွဲချော်နေတဲ့ ဒိုင်ယာရီ


ငါပွင့်ခဲ့တဲ့ တစ်ခင်းစာ လုံး
ပြန်မရနိုင်တာ ငါ သိတာပေါ့
ရင်တစ်ခုလုံး
မွတ်သိပ် ဆာလောင်
သတိရခြင်းတွေ တစ်နင့်တစ်ပိုးပိုင်ဆိုင်
မိုးတိမ်တွေ ဝေးသွားခဲ့ရပြီပေါ့
အထီးကျန် တယ်တဲ့လား

ငါ့စိတ်ကို ငါပြန်ဖတ်လိုက်တယ်
တိမ်တွေ အဆုပ်လိုက်ကျလာပေါ့
ငါကိုယ်ငါ မေ့ထားတဲ့ ဇတ်လမ်း
ဒီမှာပဲပြီးတော့မှာလား
နှင်းဆီတွေ တစ်ခင်းလုံးကြွေပြီး ..
ပွင့်ဖတ်တွေရဲရဲကြေလို.

စိတ်ကူးယဉ်တတ်တဲ့ကောင်
မြက်ခင်းစိမ်းမရှိတဲ့နေ.တွေလည်းဖြတ်ရဦးမှာပေါ့
ကွဲနေတဲ့ အသည်းဆိုတာ
လက်ဆွယ်ငုတ်တာ ထက်တော့နာတယ် .....
ငါက တိတ်တိတ်လေး လောင်တဲ့ပန်းတစ်ပွင့်လို
သိုသိုသိပ်သိပ် အိပ်မက်တဲ့ကောင်ပါ

ဘယ်လိုပဲပြောပြော
နေ.တွေက တဖြည်းဖြည်း ကုန်သွားခဲ့ပြီ
ချစ် ရသူပြောမယ်ဆို
အိပ်ရာဝင်ပုံပြင်လည်း ငါနားဆင်မိမှာပဲ ............ ။ ။
လင်းသု


2 comments:

  1. ကဗျာကောင်းလေး တစ်ပုဒ်ပါပဲ ...
    အပိုဒ်တိုင်းကိုကြိုက်တယ် ...
    ကွဲနေတဲ့ အသည်းဆိုတာ
    လက်ဆွယ်ငုတ်တာ ထက်တော့နာတယ် .....
    ငါက တိတ်တိတ်လေး လောင်တဲ့ပန်းတစ်ပွင့်လို
    သိုသိုသိပ်သိပ် အိပ်မက်တဲ့ကောင်ပါ

    ဘယ်လိုပဲပြောပြော
    နေ.တွေက တဖြည်းဖြည်း ကုန်သွားခဲ့ပြီ
    ချစ် ရသူပြောမယ်ဆို
    အိပ်ရာဝင်ပုံပြင်လည်း ငါနားဆင်မိမှာပဲ ........... ဆိုတဲ့
    နောက်ဆုံး အပိုင်းလေးကိုပိုကြိုက်တယ် ...
    စကားလုံး အားကောင်းတယ်ဗျာ ...

    ReplyDelete
  2. ဒုက္ခပဲ အရမ်းကြိုက်သွားပြီ... ဘယ်လိုလုပ်ရပါ့... :)

    ReplyDelete