Tuesday, September 8, 2009

ချစ်သူသိစေ

နေ၀င်ချိန်တွေစောလွန်းလှတယ်ကွယ်
ဘယ်နှစ်ခါမေးမေး
ရင်ဘတ်က ဒီတစ်ယောက်ပဲလို.ပြန်ဖြေတယ်

ကျွန်တော်ကြေကွဲတဲ့အခါ
သီချင်းတွေ အကျယ်ကြီးအော်အော်ဆိုပစ်လိုက်တယ်
သူမပြောခဲ့တယ်
ဘ၀ဟာ ပင်လယ်လိုပါပဲတဲ့
ကမ်းခြေမရှိတဲ့ငါ့အတွက်တော့
အရာအားလုံးဟာ ပင်လယ်ချည်း

ဘ၀ကလဲခက်သား
သေချာတာတွေမသေချာပြီး
မသေချာတွေကရေရာနေပြန်ရော
ပန်းနုရောင်ရေ
နွေးထွေးတဲ့အိမ်အပြန်
လူတိုင်းတောင့်တတာပေါ့ကွယ်

နှစ်တွေလတွေလား ကြာစမ်းပစေ
ဒီရင်ခုန်သံ ပြောင်းမသွားပါဘူး
ချစ်သူပျော်မယ်ဆို ကျေနပ်ပါတယ်

မနက်ခင်းတွေကိုအပြစ်မတင်တော့ဘူး
လိုနေတာကတစ်ခုထဲပါ
ဘယ်နေရာဘယ်ရောက်ရောက်
အနမ်းနဲ.ရက်လုပ်တဲ့နေပူစာလေး
ခိုလှုံ ချင်တယ်ကွယ် ……………….. ။ ။
မီမို


2 comments:

  1. နူးနူးညံ့ညံ့ကဗျာလေး ... ကြိုက်ပါတယ်...

    ReplyDelete
  2. တစ်ပုဒ်လုံးကောင်းတယ်ဗျာ ...

    ReplyDelete