Wednesday, March 2, 2011

အိမ်ပြန်နောက်ကျသူ

မြင်ရတယ်
ရင်ဘတ်ထဲက အလွမ်းတွေ
မြင်ရတယ်
ခြေတံရှည်လာတဲ့ အိပ်မက်တွေ
မြင်ရတယ်
စိတ်ကူးနဲ. ထွန်းလိုက်တဲ့ အလင်းတွေ
မြင်ရတယ်
၁၀ စုနှစ်တစ်ခုစာ နောက်ကျခြင်းတွေ
မြင်ရတယ်
မြင်ရတယ်
ဧရာဝတီ ရေ
စိတ်ကူးနဲ. ချောင်ပိတ်မိနေတဲ့ အရပ်မှာ
ခုထိ
ငါ အိမ်မပြန်နိုင်သေး ...................။ ။
လင်းသု