Sunday, June 20, 2010

ဇာတ်လမ်း

အကောင်းစားသီချင်းတွေ စာအံချိန်မှာ
ငါ လဲကျနေခဲ့တယ် ။

ငိုနေတဲ့နှင်းရာသီရေ
ငါဟာ တုံးလုံးစင်းသေနေတဲ့ ကဗျာတစ်ပုဒ်ကွဲ.
အချစ်ကိုစိတ်ပျက်ရင်း
လွမ်းမိလွမ်းရာ ကမ်းလွန်လှေတွေဆိုက်ခဲ့
ရူးရူးနှမ်းနှမ်းနေ.တွေနဲ.
နိုးထမှုတွေမရေရာခဲ.ဘူး ။

ဆံရှည်လေးရေ .........
ငါရူးနှမ်းခဲ.ပါတယ်
စိတ်တွေသာအမြင့်ဆုံးပျံခဲ့ပေမယ့်
ချစ်သူကမ္ဘာက တစ်ဘက်စီ
အပေါစားအချစ်တစ်ခုတစ်လေတောင်
ရောက်မလာခဲ့ဘူး ။

ဘ၀က အိပ်မက်လို မရေမရာ
ငါမုန်းတဲ့ရက်စွဲတွေတစ်ရွက်ပြီးတစ်ရွက်
ရင်ဘတ်ထဲ ထိုးထည့်
အချစ်ဟာ စောင်တစ်ထည်လောက်တောင် မနွေးထွေးတော့

ဘယ်သူမှမမှားဘူး
ဆံရှည်လေးရေ
တိမ်တွေခရီးထွက်သလို ဝေးကွာနေပုံများ
အိမ်ပြန်လို.မရတဲ့ ရင်ဘတ်တစ်စုံနဲ.
ခံစားချက်က တော့
လတ်လတ်ဆတ်ဆတ်
တကယ်တော့
ဆံရှည်လေးရေ
အကောင်းစားသီချင်းတွေ အိမ်ပြန်ချိန်မှာလည်း
ငါလေ လဲကျခဲ့ပြန်တယ် ကွယ် ။ ။
လင်းသု
အမှတ်တရနေ.လေးတစ်နေ.သို.