Sunday, March 21, 2010

အမှား .........









လွမ်းတဲ့ အခါ
ကောင်းကင်ပေါ် ခြေစုံပစ် ၀င် အိပ်ချင်လိုက် တာ
မေမေရယ်
သားကို ကောင်းကင်ကပြောတယ်
နင်ဟာ ကောင်းကင်နဲ. မထိုက်တန်တဲ့ကောင်တဲ့
အပေါစား ၀တ္ထု တစ်အုပ်လောက်တောင် အသုံး မကျပုံများ
မျက်နှာ ဖုံး မြင်တာ နဲ. စိတ်ပျက်လောက်တဲ့ ဆက်တင်
ကျွန်တော် လား အသေ အချာ လေ မှားခဲ့ တာ
ရောင်ခြောက်ဆယ် စိတ်ကူး
..............................
..............................
..............................
မှားပြန်ပေါ့ .......
မေမေ ရေ
လောကမှာ
အမှားအတွက် နောင်တရသူတွေထဲ
သား နောက်ဆုံးတန်းကနေ ပထမရခဲ့ ရပေါ့ ........... ။ ။
မီမို

Thursday, March 11, 2010

အိပ်မက်အသေနဲ.လူ






















ငါမသိတဲ့ဇတ်မှာ
ငါဟာ ဇတ်လိုက်ဖြစ်ခဲ့တယ်တဲ့
ဟား ဟား ဟား ................
ဘ၀ကို
ရေလောင်းပေါင်းသင်ဖို.မေ့ခဲ့သူလေ
သံယောဇဉ်ကပြန်သတ်ခဲ့တယ်
ငါချစ်တဲ့ နှင်းဆီရယ်
နင်လေ နင်
..........................................
ရူးရူးမိုက်မိုက်
အသည်းကိုလေလံဆွဲခဲ့တယ်
အောက်ဈေးတစ်ဝက်လျော့
သေပါရော့လား
ငါ့ညတွေသာ အထီးကျန်
အိပ်မက်အသေနဲ.လူ
အချစ်အမုန်း ဘာမှ မရှိတော့ဘူး
နိုးထခွင့်ဟာ ငါနဲ. မဆိုင်တော့
ငါသိလိုက်ပါပြီ
ဘ၀ ဟာ
အိပ်မက်ဆို မနိုးချင်တော့ပါဘူးကွယ် .......... ။ ။
လင်းသု