Tuesday, December 29, 2009

စိတ်တွေကျပျောက်ခြင်း

အဲဒီတိမ်တွေ လာကြပြန်ပေါ့
ငါလွမ်းတဲ့အကြောင်းမှာ
အပ်ကြောင်းတွေထပ်ခဲ့ပါတယ် ချစ်သူ
ငါရဲ့နေ.တွေဆိုတာ
မြို.ပြဆန်ဆန် အထီးကျန်
ဘာတစ်ခုဖြစ်မလာတော့ဘူးဆိုတာ
သံချေခြင်းလိုဝတ်ဆင်ခဲ့ရ
နေ.တွေကို စိတ်ကပြန်သိမ်းသွားခဲ့တယ်
ငြိမ်းအေးရာနေရာဟာ
ထာဝရနဲ.လက်တစ်ကမ်းမှာ
နမိတ်ပုံတွေဟာ တကယ်ဆို
ဘ၀ ကို ရေလောင်းပေါင်းသင်ဖို. အင်အားတွေတဲ့လား
ငါဘာမှမသိချင်တော့ဘူး
ညတွေကို စိတ်ကပြန်သိမ်းသွားခဲ့တယ်
သြော်
နေ.တွေ ည တွေကို စိတ်ကပြန်သိမ်းသွားခဲ့ရပေါ့ ..... ။ ။
လင်းသု

Thursday, December 3, 2009

လေညင်းတွေအေးဆက်
ညနက်နက်ထဲ
ငါ့စိတ်တွေသေခဲ့ရပေါ့
အဲဒီအမှောင်တွေ
ငါကြောက်ခဲ့ဘူးပါတယ်
ငါမရှုံးပါဘူး
ချစ်ခွင့်တော့ရှိပါသေးတယ်
ကိုယ့်ကိုယ်ကိုဖြေသိမ့်လိုက်တယ်
ငါ ....
အဲဒီအမှောင်တွေတော့ကြောက်တယ် ... ။ ။
လင်းသု