Tuesday, October 20, 2009

လွမ်း







မျက်ဝန်းနဲ.ပြောတဲ့စကားတွေ အပြည့်
ဘ၀ရဲ့ရှုမျှော်ခင်းတွေမှာ
ပန်းနုရောင်ဆေးတစ်စက်လောက်
တမ်းတခဲ့ပါတယ်
မျှော်လင့်ခဲ့ပါတယ်
အရူးအမူးပေါ့

ကိုယ့်ဆန္ဒကိုပြန်မျိုချခဲ့ရတဲ့နေ.တွေ
ဘာသာပြန်ဖို.ကြိုးစားခဲ့တဲ့နေ.တွေ
ဆွံ.အသွားတဲ့ ညနေခင်းတွေ
ဘယ်လောက်များ များခဲ့ပြီလဲ
တမ်းတခဲ့ပါတယ်
မျှော်လင့်ခဲ့ပါတယ်
အရူးအမူးပေါ့

မိုးတိမ်တွေလိုတော့ ထွက်မသွားလိုက်ပါနဲ.
တစ်ချိန်ချိန်မှာပေါ့
ဘ၀ရဲ့ရှုမျှော်ခင်းတွေမှာ
ပန်းနုရောင်ဆေးတစ်စက်လောက်
နမ်းရှိုက်ခွင့်ရချင်ပါသေးတယ်
ချစ်သူရယ် .............. ။ ။
လင်းသု

Friday, October 16, 2009

နှင်းဆီကြွေတဲ့အိပ်မက်



လမင်းအိမ်ပြန်နောက်ကျတဲ့နေ.
စိတ်ကူးတွေ ရေဆန်ပြန်တဲ့နေ.
ဘယ်လို သမိုင်းကမှ လိုက်မမှီတဲ့နေ.
ဒီလိုတစ်နေ.မှာ တို.တွေ ဝေး ခဲ့ကြပြီ

ရင်တစ်ချက်ခုန်လိုက်တိုင်း
နှင်းဆီတွေ အဆုပ်လိုက်ပွင့်တယ်
ငါ ဘယ်လိုများယုံကြည်ခဲ့ပါသလဲ
ချစ်သူသိစေချင်လိုက်တာ
ပြန်မလာတော့ဘူးတဲ့

ကံကြမ္မာတဲ့
တို.နှစ်ယောက်ခြား ခွဲရက်လိုက်တာ
ရနံမရှိတဲ့ ပင်လယ်တွေ ရင်မှာ အခါတစ်ရာမကစီးလို.
လွမ်းလွမ်းမောမော

ခုတော့
ချစ်သူနင်းခဲ့တဲ့လမ်း
ချစ်သူနမ်းခဲ့တဲ့ပန်း
အားလုံး အားလုံး ဟာ
သူတို.မဟုတ်ခဲ့သလို ..
ကိုယ်ပြောခဲ့သလို
တစ်နေ.နေ.မှာ
ချစ်သူရှိခဲ့ဖူးတဲ့နေရာလေး
အသေအချာ ပြန်လာခဲ့ပါတယ်

ရင်မှာ
နှင်းဆီရနံ.တွေကတော့ မွှေးမြနေဆဲပါ
တစ်ခါးပေါက်ရဲ့တစ်ဖက်မှာပေါ့
ချစ်သူ. အိပ်မက်တွေ လှပပါစေ မွှေးပါစေ ငြိမ်းချမ်းပါစေ
လမင်းအိမ်ပြန်နောက်ကျတဲ့နေ.
စိတ်ကူးတွေ ရေဆန်ပြန်တဲ့နေ.
ဘယ်လိုသမိုင်းကမှလိုက်မမှီတဲ့နေ.
အဲဒီလို တစ်နေ.မှာ
တို.တွေ တကယ် ဝေးခဲ့ကြပြီ .............. ။ ။
လင်းသု

၂၀၀၄ လောက်က ကြည့်ခဲ့ဖူးတဲ့ ကိုရီးယားဇတ်လမ်းတွဲ Summer Scent ကိုခံစားရေးဖွဲ.ပါသည် ။
Summer Scent (여름향기)
Song Seung Hun as Yoo Min Woo
Son Ye Jin as Shim Hye Won
Ryu Jin as Park Jung Jae
Han Ji Hye as Park Jung Ah
ဇတ်လမ်းရဲ့ အဖွဲ.ကိုတော့ ဘယ်လိုမှမမှီနိုင်ပါ :)))



Thursday, October 15, 2009

တွေဝေလိပ်ပြာ


ရင်ထဲဖြစ်လာ ၊ ဝေဒနာကို
မြင်တာသိနိုး ၊ မျှော်လင့်တိုးလျက်
လက်ချိုးတွက်ရေ ၊ ပင့်သက်ရှည်ချ
လွမ်း နေ. ည များ။ ။
နေနော်

ထပ်တူခံစားမိတဲ့ ကဗျာလေးပါ ၊ ဆရာ နေနော် ရဲ့ လုံးချင်းဝတ္တု တစ်ပုဒ်ထဲကပါ ၊ ၀တ္တု နာမည်က သိပ်မမှတ်မိတော့ပါ ၊ ကာရန်ပျက်ကဗျာ လို.တော့ထင်ပါတယ် :)

Tuesday, October 13, 2009

........

မျက်ဝန်းတွေ အေးဆက်ဆက်နဲ.
ပရိတ်သတ်မနှစ်သက် တဲ့ ဆက်တင်တစ်ခုလို
အသေအချာ လွဲခဲ့ပြီ
အော်သံရဲ့ အဆုံးမှာ
သေနေခဲ့ပြီလား



စေ့ထားတဲ့ တံခါးများ
အော်သံရဲ့ အဆုံးမှာ
သေနေခဲ့ပေါ့

လင်းသု

Monday, October 12, 2009

ငို


မျက်ဝန်းထဲမှာ ပုန်းခိုမနေနဲ.တော့
ရွာသွန်းလိုက်ပါကွယ် ...........
ဘယ်လောက်ပဲ ကြေကွဲနေပါစေ
ကျွန်တော့ရဲ့ကွက်လပ်တွေ
ပြည့်လာမှာ မဟုတ်တော့ဘူးလား
ရင်နဲ.ပြောတဲ့ စကားတွေဆိုတာ
နှလုံးသားက အသိခဲ့ဆုံးပေါ့
အလွမ်း .......
မဖွဲ. လိုက်ပါနဲ.ဦး
တော်ကြာ .....
ကျွန်တော့ အိပ်မက်လေးကျကွဲ သွားမှာစိုးလို.
တစ်ချိန်ချိန်မှာတော့
အလင်းနေ.ဆိုတာ ရောက်လာဦးမှာပါ
ခုလောလောဆယ်တော့
မျက်ဝန်းထဲမှာ ခိုမနေနဲ.တော့
ရွာသာရွာလိုက်ပါတော့ကွယ် ...........။ ။
လင်းသု
၁၂.၁၀.၀၉

ပြာရဲ.ကဗျာ

မျက်ရည်ဆိုတာ
စားသုံးနေကျ သစ်သီးတစ်လုံး
ဇာတ်ပေါင်းခန်းမပါ အိပ်မက်တဲ့
အမှတ်မရှိ အထပ်ထပ်မက်မိ
ဒဏ်ရာတစ်ခုရဲ.ပြယုဂ်ဟာ
နေ၀င်ချိန်တွေဖြစ်မယ်ဆို
ချစ်သူရေ
တစ်ဆိတ်လောက်နားလည်ပေးပါ
နှုတ်ခမ်းတစ်ပွင့်ရဲ.နှုတ်ဆိတ်မှုအောက်
ငိုနေတဲ့စကားလုံးများ
ရှာဖွေဆဲ
အသိတရားရှိရှိခံစားခဲ.
မျက်ရည်စိုနေ.စွဲများ
ချစ်သူရေ
လှပစွာကြွေနေဆဲ
ချစ်သူ
တောက်ပတယ်ဆိုတာ
ကိုယ်တိုင်လောင်ကျွမ်းဘူးမှ ။ ။
လင်းသု


၂၀၀၀ ခုနှစ်ဇွန်လ သရဖူ မဂ္ဂဇင်း အမှတ် ၃၂ သံယောဇဉ်ရပ်ဝန်း မှာဖော်ပြခံရတဲ့ ကျွန်တော့ရဲ. ကဗျာလေးပါ
ပြန်လည်မျှဝေလိုက်ပါတယ်

Sunday, October 11, 2009

ကျွန်တော်နှင့် ပန်းနုရောင်တိမ်စိုင်များ

ကျွန်တော်ဒီနေရာမှာရောက်နေတာ အချိန် အတော်ကြာပေါ့ ။ နေရာက ရပ်ကွက်ထိပ်က ကလေးကစားကွင်းလေးတစ်ခုပါ ၊ စိမ်းစိုတဲ့ မြက်ကွင်းပြင်ကျယ်တစ်ခုလည်းရှိတယ် ဒီလောက်ပါပဲ ။
မြက်ခင်းပေါ်မှာ ခြေပစ်လက်ပစ်ထိုင်နေမိတာပါ ၊ကောင်းကင်တစ်ခု လုံး ပန်းနုရောင်သန်းနေ၏ ။
လေပြေတစ်ချက်အဝှေ.မှာ ကလေးငယ်တွေရဲ့ အော်ဟစ်ကစားသံ သဲ့သဲ့ က ပျံ.လွင့်လာ၏ ။
သူတို.အရွယ်လေးတွေပဲကောင်း၏ ။ စိုင်းထီးဆိုင်သီချင်းက အလိုလိုခေါင်းထဲရောက်လာ၏ ။
သြော် အပူအပင်ကင်းတဲ့ ကလေးဘ၀တဲ့ ၊

လင်းသု


Saturday, October 10, 2009

အိပ်မက်

အိပ်မက်တစ်ခုလုံး
ကြည်နူးလိုက်တာ

ငါ့ကို မတားပါနဲ.
နားခိုစရာဆိုတာ မရှိလို.
ရင်နဲ.ရင်းပြီးမက်ခဲ့တာပါ ..

မသွန်းဖြိုးလိုက်ပါနဲ.ဦး
ငါ့အိပ်မက်လေး မိုး စိုမှာစိုးလို.

တစ်ခါတစ်ခါကျ
အဓိပ္ပါယ် ကို က ရည်ညွန်းစရာမရှိအောင် ပီပြင်လွန်း

တကယ်ပါ
ငါ မျက်နှာ မသစ်ချင်တဲ့ နေ.ဆိုတာ
မင်းအကြာင်းအိပ်မက်တဲ့ နေ.တွေပေါ့ ...........။ ။
လင်းသု

လမ်းတစ်လျှောက်မှာ






















လမ်းတစ်လျှောက်မှာ ပန်းတွေပွင့်ခဲ့
ရနံလေးတစ်ခုလောက်တော့ ဆာလောင်ခွင့်ပေးပါ
မျက်ဝန်းဘာသာစကားနဲ့ရင်ခုန်ချင်လို.

လမ်းတစ်လျှောက်မှာ ရေတံခွန်တွေ စီးနေခဲ့
ကျောက်စက်ရေလိုတစ်စက်ချင်းကျမဲ့မေတ္တာမျိုး
ရူးရူးမိုက်မိုက်ရင်ခုန်ခဲ့

လမ်းတစ်လျှောက်မှာ နှင်းတွေလွင့်နေခဲ့
ေ၀၀ါးပါတယ်ဆိုမှ ဘယ်မှာမြင်ရလိမ့်မလဲ
လမ်းတစ်လျှောက်မှာ အလွမ်းတွေချည်းအပြည့်

ပန်းတွေပွင်ခဲ့တယ်
ရေတံခွန်တွေ စီးခဲ့တယ်
နှင်းတွေလွင့်ခဲ့တယ်
အလွမ်းတွေလွင့်ခဲ့တယ်
လမ်း တစ်လျှောက်မှာလေ
ဒီလိုနဲ.ပဲ
စိတ်ကို ကိုယ့်အိပ်ကပ်ထဲကိုယ်ပြန်ထည့်ခဲ့ရပေါ့............။ ။
လင်းသု

Friday, October 9, 2009

ချစ်သူသိစေ


ဘယ်နှစ်ခါမေးမေး
ရင်ဘတ်က ဒီတစ်ယောက်ပဲလို.ပြန်ဖြေတယ်
နေ၀င်ချိန်တွေ စောလွန်းတယ်
အမှာင်တွေက ကျွန်တော့အတွက်တော့
အထီးကျန်ဆန်ဆန် လှခဲ့တာပေါ့
ဘ၀ဟာ ပင်လယ်လိုပါပဲတဲ့
ကမ်းခြေမရှိသူအတွက်တော့
အရာအားလုံးဟာ ပင်လယ်ချည်းပါပဲ
တကယ်ပါ ချစ်သူ
နွေးထွေးတဲ့အိမ်အပြန်
လူတိုင်းတောင့်တတာပေါ့ကွယ်
နှစ်တွေလတွေလား ကြာစမ်းပစေ
ဒီရင်ခုန်သံ ပြောင်းမသွားပါဘူး
ချစ်သူပျော်မယ်ဆို ကျေနပ်ပါတယ်
မနက်ခင်းတွေကိုအပြစ်မတင်တော့ဘူး
လိုနေတာကတစ်ခုထဲပါ
ဘယ်နေရာဘယ်ရောက်ရောက်
အနမ်းနဲ.ယက်လုပ်တဲ့နေပူစာလေး
ခိုလှုံ ချင်တယ် …………….. ။ ။
လင်းသု

Saturday, October 3, 2009

အိမ်လွမ်းချင်း

ဖေရယ်မေရယ်ညီမလေးရယ်
နေရာဒေသတွေတူညီဖို.အရေး

ခုထိ
ရင်ခုန်သံကိုချည်း
အိပ်မက်ထဲ ပြန်ပြန်ထည့်နေရတုန်း

လွမ်းတဲ့ အခါ
ထုတ်ကြည့်မိတဲ့ ဓါတ်ပုံလေး
အရင်လိုပဲ ပြန်သိမ်းလိုက်တော့တယ်

နေရာဒေသက အဓိက မကျပါဘူး မေနဲ.ဖေရယ်
ရင်ခုန်သံတွေထပ်တူကျရင်ပဲ
သား
အလွမ်းပြေပါပြီ ...... ။ ။
လင်းသု

Friday, October 2, 2009

အလွမ်း

မဆုံးတော့ဘူးလား
တစ်မျှော်တစ်ခေါ် အလွမ်းတွေ
ရေပြင်ကျယ်အိပ်မက်ပေါ် ရှပ်တိုက်သွား
ငါ့ နှလုံးသားဟာ ခြစားခဲ့ပေါ့ ....................။ ။
လင်းသု