Monday, August 3, 2009

အလွမ်းလောင်သောနေ.ရက်များ














အနာတရမိုးရေစက်တွေ
ရင် ကို ရိုက် ခွဲ သွား
ပန်းနုရောင်ရေ
ငါတကယ် ကျရှုံးခဲ့ပြီလား
သနားလို.ပဲဖြစ်ဖြစ်
သတိရခွင့်လေးတော့ပေးပါ

တကယ်ပါ
ပြန်မဆုံမှာကိုကြောက်ခဲ့သူ
အိမ်မက်တွေပင်လယ်ဖြစ်ပစေ
အလင်းနေ.တစ်နေ.လောက်ပေးလှည့်ပါ
ရင်လွဲသူတစ်ယောက်
ဘယ်လိုခြေလှမ်းနဲ. အိမ်ပြန်ပြန်
အနမ်းတွေမပန်နိုင်သရွေ.တော့
အထီးကျန်နေ……………………

ဘ၀က
တစ်ခါလာလည်း ဒီနမိတ်ပုံ
ဇတ်လမ်းကဇတ်လမ်းကိုပြန်ရေးသွား
ထူးခြားလာတာဆို
အဆိပ်ချိုပြင်းနေ.တွေကသာအနိုင်ယူပြီး
ကိုယ့်ကိုကိုယ် “မကျေနပ်ဘူး “လို. အော်အော်နေရ
သြော် ……..
ရင်လွဲသူတစ်ယောက်
ဘယ်တော့များ
ငါ့အိမ်အပြန်
ရက်မှန်ကြေးလေးဆွတ်ခူးမလဲ ………………..။ ။
မီမို